( ၅၂ )

12.6K 2.2K 51
                                    

< Unicode >

အခန်း ( ၅၂ ) - မြန်မြန် သူ ခန္ဓာကိုယ်အေးနေပြီ

ဆေးထိုးအပ်သည် ခဏတွင်းချင်းပင် သွေးကြောထဲ ထိုးဖောက်ဝင်ရောက်သွားတော့သည်။ ချူဖုန်းသည် ပြီးနောက် အပ်ကို ပြန်ဆွဲထုတ်၍ မြေကြီးပေါ် ပစ်ချလိုက်ကာ ခေါင်းငိုက်စိုက်ကျလျက် အသက်မျှင်းမျှင်းရှုရှိုက်နေလေသည်။

တစ်ယောက်မှ မဝံမရဲနှင့် ထပ်ထိုးနှက်လိုက်ပြီးသော် အော်သည် "သူ ပြန်မချတော့ဘူးကွ သွားကြမယ်"

ချူဖုန်းက လောလောလတ်လတ်တင် သူတို့ကို ပြန်မထူနိုင်အောင် ချပစ်ခဲ့ရာ အတော်များများသည် သေသလား ရှင်သလားတောင် မသိရနိုင်စွာ မြေကြီးပေါ်တွင် လဲကျနေကြ၏။ ချူဖုန်းကို သတ်လို့ မရသော်ငြား ခြေလက်တွေ ချိုးပစ်ခဲ့နိုင်ရင်လည်း သူတို့တွေ ဒေါသလျော့ရမှာပင်။ သို့သော် ထျန်းလန်သည် ချူဖုန်းဆေးထိုးလိုက်တာကို မြင်တာနှင့် ကြောက်လန့်ကာ လူအုပ်ကြီးနားမှ နောက်သို့ ဆုတ်ခွာသွားတော့လေသည်။

ချူဖုန်းအား လူများဝန်းရံလျက် ထိုးကြိတ်ကန်နေကြဆဲပင်။ သို့သည့်တိုင် အနှီယောက်ျားသည် ခေါင်းငိုက်စိုက်ကျလျက် မတ်မတ်ရပ်နေကာ ခုခံခြင်းမရှိ။

လူတစ်ယောက်က လက်ကို လှမ်းဆွဲကာ နောက်လိမ်ချိုးဖို့ လုပ်သည်။ သို့သော် ကိုယ်ကို လျှော့ချထားပုံ ရသော ချူဖုန်းသည် အားမထည့်ထားသော်လည်း လက်ကို လှုပ်လို့မရ။

ထိုလူက အားဖိသုံးချိန်တွင် အရိုးကျိုးသံများ ထွက်ပေါ်လာတော့သည်။

အားလုံးသည် ထိုထူးဆန်းသော အသံကို ကြားရရာ လှုပ်ရှားမှုများ ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကုန်ကြသည်။

စက္ကန့်အတန်ကြာသော် ချူဖုန်းက ဖြည်းလေးစွာပင် ခေါင်းမော့ကြည့်လာချေသည်။

"အား!" မျက်နှာချင်းဆိုင် ရပ်နေခဲ့သော လူနှစ်ဦးမှ အထိတ်တလန့်နှင့် ထအော်၍ ခြေနှစ်လှမ်းမျှ ဆုတ်သွားတော့သည်။

ကျန်လူများက မေးသည် "ဘာဖြစ်တာလဲ"

"သူ့-သူ့မျက်နှာ...."

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now