( ၃၀ )

16.9K 2.6K 95
                                    

<Unicode>

အခန်း ( ၃၀ ) - ကောင်းလိုက်တဲ့ အမြင်

ခြေကုန်လက်ပန်း ကျသွားခဲ့ရသဖြင့် လော့ကျိုးကျိုးသည် အပြန်လမ်းတွင် အိပ်မောကျသွားလေသည်။

နိုးလာသော် ကားလေးကို မြင်နေကျ ကြယ်တာရာဗီလာရှေ့ လမ်းနံဘေးတွင် ရပ်ထားကြောင်း တွေ့လိုက်ရ၏။ ကားထဲတွင် တိတ်ဆိတ်နေကာ အကြောဆန့်၍ မျက်လုံးများကို ပွတ်ကြည့်သော် ချူဖုန်းအား ယာဥ်မောင်းခုံတွင် နောက်မှီလျက် မျက်လုံးများပိတ်ထားသည်ကို မြင်လိုက်ရသည်။

လမ်းမီးရောင်သည် မှန်ပြတင်းပေါက်ကို ဖြတ်၍ အထဲဖြာကျနေရာ မျက်နှာတစ်ဝက်မှာ အမှောင်ထဲ ကျလျက် သူ၏ နှာတံချွန်ချွန်ကိုသာ မြင်နေရသည်။ ချူဖုန်းသည် မျက်လုံးမဖွင့်ပဲ မေးလေသည် "နိုးပြီလား"

လော့ကျိုးကျိုးက အင်း ဟု ပြန်ဖြေသည်။ အသံမှာ နိုးထကာစ နှာခေါင်းသံပေါက်နေချေသည်။

ချူဖုန်းသည် အခုမှ မျက်လုံးဖွင့်လာကာ သူ့ကို ကြည့်လာသည် "ကောင်းကောင်းမနိုးသေးဘူးလား"

လော့ကျိုးကျိုးက ခေါင်းညိတ်၍ ပြန်ဖြေသည် "ကောင်းကောင်းမနိုးသေးဘူး"

"အာ့ဆို အိမ်ပြန်ပြီး အိပ်ချင်စိတ်မပြယ်သေးခင် ဝင်အိပ်လိုက်" ချူဖုန်းက ပြောသည်။

လော့ကျိုးကျိုးသည် ချူဖုန်း၏ ယူနီဖောင်းဂျက်ကတ်ကို ချွတ်၍ ကားထဲမှ ထွက်လိုက်သည်။ တံခါးပိတ်ခါနီးတွင် ချူဖုန်းက ရုတ်တရက် မေးလာသည် "နက်ဖန် လုပ်စရာရှိသေးလား"

"ဟမ်?" လော့ကျိုးကျိုးပုံစံမှာ အိပ်ချင်မူးတူးဖြင့် ယောင်တောင်ပေါင်တောင် ဖြစ်နေချေသည် "ရှိရင်လည်း ရှိမယ်ထင်တယ်" သူ ဤပိတ်ရက်တွင် အချိန် သေချာယူကာ ခြံဝန်းတလျှောက် နှင်းဆီပင်များ စိုက်ရန် ကြံထား၏။ ၎င်းအား လုပ်စရာ ဟု ခေါ်နိုင်ရဲ့လားတော့ မသေချာ။

ချူဖုန်းက စိတ်ပျက်သွားဟန်ဖြင့် ဆိုသည် "မနက်ဖန်က ပိတ်ရက်ဆိုတော့ ကိုယ်က မင်းကို လာခေါ်မလို့ မအားရင်လည်း ထားပါ"

"အားတယ် အရေးကြီးတဲ့ အလုပ်မဟုတ်ပါဘူး" လော့ကျိုးကျိုးသည် ရုတ်တရက်ပင် အိပ်ချင်စိတ်များ အကုန်လွင့်ပြယ်သွားရသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now