( ၂၉ )

14.8K 2.5K 143
                                    

<Unicode>

အခန်း ( ၂၉ ) - ကျွန်တော့်ကို အပြစ်မတင်လို့ ကျေးဇူးပါ

ချူဖုန်းသည် ကားထဲမှ ထွက်ပြီးနောက် စက်နှိုးလျက်သားပင် low beams များ ဖွင့်ထားခဲ့ရာ ရှေ့ဧရိယာတစ်ဝိုက်တွင် လေထဲ အင်းဆက်ပိုးကောင်များ ဝဲပျံနေကြသည်ကို ရှင်းလင်းစွာ မြင်နေရသည်။ ထိုအရိပ်သည် ရှေ့မီးထွန်းလင်းနေသော အနားသို့ ရောက်သော် ခြေလှမ်းတန့်ကာ နံဘေးရှိ လယ်ကွင်းထဲ ခုန်ဆင်း၍ ပတ်လျှောက်လာချေသည်။

ခိုးကြောင်ခိုးဝှက် လုပ်ရင်းမှလည်း ချူဖုန်းထွက်သွားရာဘက် အဝေးတစ်နေရာသို့ ခေါင်းလှည့်ကြည့်သေးသည်။

လော့ကျိုးကျိုးသည် မျက်တောင်မခတ်စတမ်း ထိုအရိပ်မှ လှုပ်ရှားမှုများအား လိုက်ကြည့်ရင်း အနှီလူ ဘာလုပ်ချင်သလဲဟု အဖြေရှာနေမိသည်။ အိုမီဂါများအား သတ်ခဲ့သူသည် ထိုလူပဲလား။ ဤအတွေးတွင် သူ နှလုံးခုန်မြန်လာကာ ကိုယ်ပေါ်မှ ယူနီဖောင်းအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

အရိပ်သည် တဖြည်းဖြည်းချင်းပင် ကားအနား ချဥ်းကပ်လာပြီး နောက်ဆုံးတွင် အလင်းထဲ ဝင်လာတော့သည်။

ထိုသူကား အနားပတ်ဝန်းကျင်မှ သာမန်ရွာသားကဲ့သို့ပင် ဝတ်ဆင်ထားလျက် အသက်လေးဆယ်ခန့် ပုံပေါက်သည့် ပိန်လီခြောက်ကပ်နေသော ယောက်ျားတစ်ယောက်ပဲ ဖြစ်လေသည်။ စစ်ဘက်သုံး SUV ကားသည် မြင့်မားသဖြင့် မီးအလင်းမှာလည်း တောက်ပနေလေရာ အနှီယောက်ျားသည် ကားရှေ့ အလင်းအောက် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လက်ဖြင့် မျက်နှာကို ကာလိုက်ရသည်။

လော့ကျိုးကျိုး အထင်တော့ ထိုလူသည် သူ့အား မမြင်ပုံပင်။ ချူဖုန်းတစ်ယောက်တည်းကိုသာ အာရုံထားနေကာ ကားထဲ နောက်လူတစ်ယောက်ရှိနေမှန်း သတိထားမိဟန် မရပေ။ သို့ဖြစ်ရာ လော့ကျိုးကျိုးက ရှေ့ခုံမှနေ အောက်လျှောချကာ ဒူးကွေး၍ ပုန်းနေလိုက်သည်။ ထိုလူသည် သံပုံးတစ်ပုံး ကိုင်ဆောင်ကာ ပလတ်စတစ်ပိုက်ကွေးတစ်ချောင်းကို ပုံးထဲ ထည့်သယ်လာချေသည်။

တိတ်တဆိတ်ပင် ကားကို တစ်ပတ်ပတ်ကြည့်ပြီးသော် ထိုလူက လက်ထဲမှ ပုံးကို အောက်ချ၍ လော့ကျိုးကျိုးထိုင်ခုံဘက်ခြမ်း နံဘေးတွင် ထိုင်လိုက်ချေ၏။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now