( ၃၇ )

14.7K 2.4K 70
                                    

< Unicode >

အခန်း ( ၃၇ ) - ကောင်ကလေး ဒီလူနဲ့အတူတူ ကားမောင်းထွက်ချင်လား

လော့ကျိုးကျိုး နိုးလာသောအခါ အရုဏ်တက်နေချေပြီ။ အိပ်ချင်မူးတူးဖြင့် မျက်လုံးများ ပွတ်သပ်လိုက်ရင်း အိမ်တော်ထိန်းလီတစ်ယောက် ဒီနေ့ ဘာကြောင့် လာမနှိုးပါလိမ့်ဟု တွေးမိလေသည်။

လော့ပေသည် မနက်ခင်းတိုင်း လိုက်နာရမည့် စည်းမျဉ်းတစ်ခု သတ်မှတ်ထားသည်။ ပိတ်ရက်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လော့ကျိုးကျိုးသည် မနက် ၇ နာရီတွင် အိပ်ရာထကာ အတူတူမနက်စာလာစားရမည်ဟူ၍။ စားရင်း အိပ်ငိုက်တောင် အချိန်မှီ စားပွဲသို့ ရောက်ရမည်ဖြစ်သည်။

စကားမစပ်၊ အဘယ်ကြောင့် ခုတင်အောက်တွင် မီးထိန်နေရပါသနည်း။ မျက်လုံးများကို မနည်းပြူးကြည့်လိုက်ရာ စိမ်းသက်သော အခန်းတစ်ခုထဲရှိ အိပ်ရာကျယ်ပေါ်တွင် အိပ်ပျော်နေမိမှန်း တွေ့လိုက်ရသည်။ အတန်ကြာမှသာ မနေ့ညက ချူဖုန်းအိမ်တွင် ခရမ်းချဉ်သီးခေါက်ဆွဲ စား၍ ဘီယာသောက်ခဲ့ကြောင်း သတိရတော့သည်။

ကျန်တာကိုမူ သူ မမှတ်မိတော့။

ကြည့်ရသည်မှာတော့ ချူဖုန်းအိမ်တွင် အိပ်ဖြစ်သွားပုံပင်။

အပြင်မှ အသံမကြားလေရာ လော့ကျိုးကျိုးသည် အိပ်ရာထဲမှ ထွက်ကာ ဖိနပ်ဝတ်ပြီး တံခါးဖွင့်၍ ထွက်လာခဲ့လိုက်သည်။ ဧည့်ခန်းကား တိတ်ဆိတ်ကျလျက် ဆိုဖာပေါ်တွင် အိပ်နေသူတစ်ဦး ရှိနေချေသည်။ တိတ်တိတ်လေးအနားကပ်သွားကြည့်သောအခါ ချူဖုန်း ဖြစ်နေသည်။ ဆိုဖာခုံမှာ အနည်းငယ်တိုနေရာ ချူဖုန်းသည် ခြေတစ်ဖက်အား လက်တင်ပေါ် တင်ကာ ကျန်တစ်ဖက်ကိုတော့ ကြမ်းပြင်ပေါ် ချထားလျက် ဝမ်းဗိုက် နှင့် ရင်ဘတ်အကြားတွင်မူ စောင်တစ်ထည် အုပ်ထားလေသည်။

လော့ကျိုးကျိုးသည် ဆိုဖာနားသို့ ခြေဖွလျှောက်သွားကာ ဒူးကွေးထိုင်ချ၍ တစ်ဖက်လူမျက်နှာကို အနီးကပ် ကြည့်လိုက်သည်။

တစ်ညမှာတင် ချူဖုန်းမေးစေ့၌ မုတ်ဆိတ်ရေးရေးထွက်နေကာ စူးမည့်ပုံမျိုး ပေါ်သည်။ လော့ကျိုးကျိုးသည် တို့ထိကြည့်ချင်စိတ် ပေါ်မိသော်လည်း အဆုံးတွင် လက်ကို မလှုပ်ဖြစ်။ ဟိုသည်ဝေ့ကြည့်ရာ စားပွဲခုံပေါ်တွင် မီးစဉ်ကျမ်းကို ဖြန့်ထားကာ လေထဲတွင်တော့ မပိတ်ထားသော တာမီနယ်မျက်နှာပြင်က ပုံများ ဒေတာများ တောင်ပုံရာပုံပြသလျက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now