( ၄၇ )

14.1K 2.4K 65
                                    

< Unicode >

အခန်း ( ၄၇ ) - ကြယ်စင် အသင်တို့

ချူဖုန်းပြောသော နေရာကား သူ့အိမ်ပင် ဖြစ်ပါ၏။ အတန်ကြာသော် အိမ်နားဝန်းကျင်မှ စူပါမားကတ်ရှေ့ ကားထိုးရပ်လိုက်လေသည်။

"ဒီမှာပဲ ထိုင်စောင့်နေလိုက် ကိုယ် ဝယ်စရာရှိတာ ဝယ်ပြီး ချက်ချင်းထွက်လာခဲ့မယ်" ချူဖုန်းသည် လော့ကျိုးကျိုးကို ပြောပြီးသော် ခါးပတ်ဖြုတ်၍ ကားထဲမှ ခုန်ထွက်ကာ စူပါမားကတ်ဆီ လျှောက်သွားတော့သည်။

လော့ကျိုးကျိုးသည် ဒရိုင်ဘာခုံဘက် ပြတင်းပေါက်ကနေ ချူဖုန်း အထဲဝင်ကာ သစ်သီးသစ်ရွက်များ ရွေးချယ်ဝယ်နေတာကို လှမ်းကြည့်နေမိသည်။ သစ်သီးများ ရွေးချယ်ပြီးနောက် ချူဖုန်းသည် စင်ပေါ်မှ ဘီယာအချို့ကို ဆွဲယူကာ ငွေရှင်းကောင်တာပေါ် ပုံတင်လိုက်ချေသည်။ ဆိုင်ဝန်ထမ်းက သူ့ကို တစ်ခုခုရောင်းရန် စိတ်အားထက်သန်နေပုံ ပေါ်ကာ နားထောင်ကြည့်ပြီးနောက် ချူဖုန်းသည် စိတ်ဝင်စားသွားဟန်ဖြင့် ဆိုင်ဝန်ထမ်းနောက်မှ လိုက်ဝင်သွားတော့သည်။

ဒေါက် ဒေါက် ဒေါက်...

လော့ကျိုးကျိုးမှ ချူဖုန်းကို စိတ်ဝင်တစား လိုက်ကြည့်နေမိချိန်တွင် သူ့ထိုင်ခုံဘက် ပြတင်းပေါက်မှန်ကို လာခေါက်သံ ကြားလိုက်ရသည်။ လှည့်ကြည့်သောအခါ ကားတံခါးအပြင်ဘက်တွင် ယောက်ျားတစ်ယောက် ရပ်နေကြောင်း မြင်လိုက်ရသည်။ ထိုလူကား အလွန်နီးကပ်စွာပင် ရပ်နေသဖြင့် မျက်နှာကို မမြင်ရသော်လည်း စစ်ယူနီဖောင်းကို ဝတ်ဆင်ထားလေသည်။

လော့ကျိုးကျိုးမှ ပြတင်းမှန်ချပေးလိုက်သောအခါ ထိုလူသည် ကားတံခါးပေါ် လက်တင်၍ ခါးကိုင်းငုံ့ကာ ပြုံးပြပြီး ပြောလာသည် "ဟယ်လို ကောင်ချောလေး"

ထိုမျက်မှေးကျဉ်းသော လူကို မြင်သောအခါ ချူဖုန်းနှင့်အတူ သုတေသနကျောင်းရော ကပွဲတွင်ပါ ရပ်နေခဲ့သောလူမှန်း လော့ကျိုးကျိုး တန်းမှတ်မိသွားရသည်။

"ဟယ်လို" သို့ဖြစ်ရာ ပြန်နှုတ်ခွန်းဆက်လိုက်သည်။

"မင်းနာမည်က ဘာလဲ" ထိုအရာရှိက မေးသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now