( ၆၂ )

13.3K 2.2K 98
                                    

< Unicode >

ရှင်းလင်းချက် ။ ။ ဒီနေရာမှာ ဝံပုလွေပေါက်ဆိုတာ အကောင်ပေါက်ကို ပြောတာ မဟုတ်ပဲ လူပျိုပေါက်လို သဘောမျိုးပါ။

___

အခန်း ( ၆၂ ) - ဝံပုလွေပေါက်

လော့ကျိုးကျိုး ချူဖုန်း ပြောတာကို နားထောင်ပြီး တိတ်ကျသွားရသည်။

အတန်ကြာမှ မေးလာသည် "အာ့ဆို ကယ်လ်ဂါ ဘာလို့ သူတို့ကို သတ်ခဲ့ရတာလဲ"

ချူဖုန်းက ဖြေသည် "ကိုယ် သိချင်နေတာလည်း အဲ့ဒါပဲ။ ကိုယ် ရှုထောင့်ပေါင်းစုံကနေ အဖြေရှာကြည့်ပြီးပြီ။ ကိုယ်တို့ကို သတ်လိုက်ခြင်းအားဖြင့် ဘယ်သူ့ကို ဖယ်ရှားချင်လဲဆိုတာရော ဘန်ဇီဒရင်းအကြောင်း အပြင်မပေါက်ကြားစေချင်လို့ နှုတ်ပိတ်တာလား ဆိုတာရော အပါအဝင်ပဲ"

"အဲ့ဒါကြောင့်လား"

"လုံးဝမဟုတ်ဘူး။ အက်ဆီးဒန့်ကိစ္စလည်း ပြီးရော ကယ်လ်ဂါက မီတင်မှာ အကြီးအကျယ်ပေါက်ကွဲပြီး အဲ့ဒီတည်းက စစ်တပ်က စစ်သားတွေအပေါ် ဘန်ဇီဒရင်းဆက်မထိုးတော့ဘူး။ ဆည်းဆာမျက်နှာရောဂါကုသရေးမှာပဲ အသုံးချတော့တယ်"

လော့ကျိုးကျိုး ဆွံ့အသွားရကာ "ဒါဆို ဘာကြောင့်လဲ"

ချူဖုန်းသည် ပြတင်းပေါက်အပြင်ဘက်သို့ ထိုင်းမှိုင်းစွာ ကြည့်ကာ ရေရွတ်သည် "ဟုတ်တယ်...တကယ်ပဲ ဘာကြောင့်လဲ။ နက်နဲတဲ့ အကြောင်းပြချက်တစ်ခုခုတော့ ရှိနေမှာပဲ..."

"ဗိုလ်ချုပ် အဖမ်းခံရတာရော အဲ့ဒါနဲ့ ဆက်စပ်နေလား" လော့ကျိုးကျိုး မေးသည်။

ချူဖုန်းက ခေါင်းခါကာ "ကိုယ် မသိဘူး။ သူ အထူးတပ်သားတွေကို လက်စဖျောက်ပစ်ခဲ့ပါတယ် ဆိုတဲ့ အကြောင်းပေါ်သွားရင်တောင် အဲ့ဒါက မင်းအဖေ ပြောတဲ့ မဟာမိတ်ပေါင်းစု အုတ်အော်သောင်းတင်းဖြစ်သွားစေနိုင်တဲ့ လျို့ဝှက်ချက်ဆိုတာတော့ မဖြစ်နိုင်ဘူး။ မဟာမိတ်ပေါင်းစုအတွက် သူ လုပ်ပေးခဲ့တဲ့ စွမ်းဆောင်ချက်ကြောင့် လူတွေက လွယ်လင့်တကူနဲ့ ခွင့်လွှတ်ပေးကြမှာပဲ။ သာမာန်အထူးတပ်ဖွဲ့စစ်သားတွေ သေဆုံးမှုဆိုတာ အကြည့်နည်းနည်းပိုခံရရုံပဲ။ ဒါပေမယ့် ဗိုလ်ချုပ် ပြောခဲ့တဲ့ လျို့ဝှက်ချက်ဆိုတာကတော့ အထူးတပ်ဖွဲ့သားတွေအသတ်ခံရတဲ့ တကယ့်အကြောင်းမှန်အပါအဝင် ပိုလေးနက်တဲ့ အရာမျိုး ရှိနေလိမ့်မယ်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now