( ၇၈ )

13.3K 2.1K 72
                                    

< Unicode >

အခန်း ( ၇၈ ) - ကယ်လ်ဂါရဲ့ လျို့ဝှက်ချက်

ထိုအချိန်မှစကာ ချီဖန်းသည် မှောင်ခိုစျေးရုံကျောင်းမှ မခွာတော့။

ငမန်းပြာက ဤထိုးဖောက်တွေ့ရှိမှုကြီးအကြောင်း သိသော် သူပါ ဝင်ကူညီပေးချင်သော်လည်း မကူညီနိုင်ရာ လူအင်အားထပ်ဖြည့်၍ ယင်ကောင်တောင် မသီနိုင်အောင် ကျောင်းဂိတ်ပေါက်ဝကို စောင့်ကြပ်စေတော့သည်။

ချီဖန်းကား ၂၄ နာရီပတ်လုံး စျေးရုံကျောင်းတွင်သာ နေသည်၊ စားသည်၊ လော့ကျိုးကျိုးနှင့် အတူလက်တွဲကာ အမည်မသိဆဲလ်များကို လေ့လာ၍ ဘန်ဇီဒရင်းနှင့် ပေါင်းစပ်ကြည့်လေသည်။ အမည်မသိဆဲလ်များက ဆည်းဆာဗိုင်းရပ်စ်ကို သတ်ပေးကာ ဘန်ဇီဒရင်းကမူ လူနာ၏ ခန္ဓာကိုယ်စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသဖြင့် ဤနှစ်လမ်းချဥ်းကပ်မှုကို အသုံးပြုလိုက်သော် လူနာများအတွက် ရောဂါအရှင်းပျောက်ကင်းသွားနိုင်မည့် မျှော်လင့်ချက်လေး ရလာတော့သည်။

လော့ကျိုးကျိုး စစ်ဌာနချုပ်သုတေသနကျောင်းကို သွား၍ ရှောင်ယွီကို သွားတွေ့ဖြစ်ခဲ့သေးသည်။

လူနာခန်းထဲသို့ ဝင်လိုက်တာနှင့် အိပ်ရာ​ခြေရင်း၊ ခေါင်းရင်း၊ အခန်းအလယ်စသဖြင့် နေရာစုံအောင် ပတ်ချာလည်ချိတ်ဆွဲထားသည့် ရောင်စုံဖားရုပ်လေးများကို တွေ့လိုက်ရသည်။ အချို့ကိုတော့ ပြတင်းဘောင်ပေါ်တွင် လေမှုတ်ခေါင်းလောင်းလေးများအလား ချိတ်ထားလေသည်။

ရှောင်ယွီကလည်း သူ့ကို မြင်တာနှင့် မျက်လုံးများ တောက်ဖြာသွားကာ သွားမရှိသော အပြုံးတစ်ခု ပြုံးပြသည်။ လော့ကျိုးကျိုး ခုတင်နားရောက်သောအခါ နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တခစ်ခစ်ရယ်မိကြသည်။

အတန်ကြာမှ လော့ကျိုးကျိုး လာရင်းအကြောင်းကို သတိရသွားကာ ရှောင်ယွီကို ပြောလိုက်သည် "ငါ မင်းကို ကတိပေးတဲ့အတိုင်း လုပ်နိုင်ခဲ့တယ်သိလား။ ဆည်းဆာမျက်နှာကို ကုသနိုင်သွားပြီ"

ရှောင်ယွီကား စကားလုံးဝမပြောနိုင်ရာ ရင်ဘတ်ထဲမှ ဝမ်းသာမှုများကို မျက်နှာအမူအရာဖြင့်သာ ဖော်ပြရှာချေသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now