( ၂၁ )

14.5K 2.6K 16
                                    

<Unicode>

အခန်း ( ၂၁ ) - ချူဖုန်း ကျွန်တော့်ကို ကယ်ပါ

"တကယ်လို့ လူသတ်သမားက အိုလင်းမှန်တော်ရာဘုရားကျောင်းရဲ့ နောက်လိုက်သာမှန်ရင် အရင်တခေါက်က လူနဲ့ အတူတူဆိုတာ သေချာသလောက်ပဲ" ချန်စီဟန်သည် ရင်ထဲမှ စိတ်လှုပ်ရှားတက်ကြွမှုများကို ဖုံးဖိကာ ချူဖုန်းကို ပြောသည်။

ချူဖုန်းသည် ခွန်းတုံ့ပြန်ခြင်းမပြုပဲ လက်ထဲမှ မီးခြစ်ကိုသာ လှည့်ကစားနေ၏။

အချိန်အတော်ကြာကာမှသာ အေးစက်စက်အက်ရှရှအသံဖြင့် ဆိုလာသည် "ဒါပေမဲ့ စီဟန် သူ ဘယ်ကနေဘယ်လို ဆေးပို့တဲ့ဆီ ဝင်ခွင့်ရသွားလဲ ငါ ဆေးပုံးကို ကြည့်လိုက်တော့ တစ်ခါသုံး လော့ခ်တောင် မဖွင့်ရသေးဘူးနော်"

"အကယ်၍ မင်း အဲ့ဒီအကြောင်းကို သေချာပြန်စုံစမ်းချင်ရင် သုတေသနကျောင်းက စမှပဲ ရမယ်" ချန်စီဟန်သည် အခန်းထဲတွင် လော့ကျိုးကျိုးလည်း ရှိနေလေရာ အသံခပ်အုပ်အုပ်ဖြင့် တိုးတိုးသာသာပြောလိုက်သည်။

ချူဖုန်းသည် ဖြည်းညင်းစွာ ခေါင်းခါပြကာ "ချီဖန်းက အင်မတန်ပါးစပ်လုံတဲ့လူ ဒီအမှုပဲ သေချာစောင့်ကြည့်တာပေါ့ ဒီလူသတ်သမားနဲ့ အရင်တစ်ခေါက်ကလူနဲ့က တစ်ယောက်တည်းပဲဆိုတာ သေချာမှ စုံစမ်းခွင့် တင်သွင်းကြည့်ကြမယ်"

လော့ကျိုးကျိုးကမူ မိမိအတွေးကမ္ဘာထဲ စီးမျောနေလေရာ ချူဖုန်းနှင့် ချန်စီဟန်တို့၏ စကားများကို နောက်ခံဆူညံသံများအလား သဘောထားလျက် ဘာသိဘာသာ နေနေလေသည်။

ဤသည်ကား လေပြည်မှ သယ်ဆောင်လာသော ရနံ့တစ်ရှိုက်ကို သူ့ နှာခေါင်းထဲ မရလိုက်ခင်အထိသာ ဖြစ်၏။

အစပိုင်းတွင် မိုးသည်းထန်သောညမှ စိုထိုင်းအေးစက်သော လေထုအလား ရနံ့သင်းလေးကို ရှုရှိုက်မိသည်။ ရနံ့လေးသည် အကိုင်းကိုယ်စီထက် ဝေဆာလျက် လွင့်လူးနေကြသော နှင်းဆီရိုင်းများနှင့် နေရောင်ဖြာသည့် တောအုပ်ငယ်တစ်ခုကို လွမ်းဆွတ်သွားမိစေသည်။

သူ အတိအကျ သေသေချာချာရှင်းပြခြင်းငှာ မစွမ်းသာ။ ခဏတွင်းချင်းပင် ခန္ဓာကိုယ်ထဲရှိ သွေးများမှာ ပူလောင်မြိုက်လာလျက် ဆဲလ်များအားလုံးသည် စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်လှုပ်နေကြသည်။ ဤသည်ကား မိတ်ဖက်၏ ရနံ့၊ ချန်စီဟန်၏ ရနံ့ပါပေ။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now