( ၄၆ )

14.1K 2.4K 62
                                    

< Unicode >

အခန်း ( ၄၆ ) - ဗန်ပိုင်းယားပန်း

လော့ပေကလည်း ထွက်လာကာ လော့ကျိုးကျိုးကို မြင်သော် မျက်နှာသွင်ပြင်ရော နှုတ်ထွက်စကားတို့ပါ အံ့သြဖွယ်ရာကောင်းလောက်အောင် ချူဖုန်းနှင့် ထပ်တူကျနေလေသည် "ကျိုးကျိုး မင်း ဘာလို့ ဒီရောက်နေတာလဲ"

"ကျွန်...ကျွန်တော်က ခင်ဗျားကို လာရှာတာ" လော့ကျိုးကျိုးသည် ပျာယာခတ်စွာ ချူဖုန်းကို ပြောလိုက်သည်။

"အဖေ ပြန်လာမှာပေါ့ မင်းတို့ ဘာတွေ ကြည့်နေတာကြတာလဲ" 'မင်းတို့' ဟူသော စကားလုံး အသုံးအနှုန်းအား သတိမထားမိစွာ လော့ပေသည် ရှေ့ထွက်ကာ လော့ကျိုးကျိုးလက်ကို ဆွဲ၍ ပြန်လျှောက်ခဲ့လေသည်။*

လော့ကျိုးကျိုးသည် ခြေနှစ်လှမ်းခန့် တရွတ်တိုက်ပါသွားပြီးနောက် ချူဖုန်းဘက် လှည့်လှည့်ကြည့်သည်။ ၎င်းအား မြင်ရာ လော့ပေက ခပ်မာမာဆိုသည် "ဘာ ကြည့်နေတာလဲ အောက်ကြည့်လျှောက်စမ်း"

ချူဖုန်းမှ မိမိရှိရာဘက် ခြေလှမ်းလိုက်သော်ငြား အဆုံးတွင် ငြိမ်ကျသွားကာ မတ်မတ်ရပ်နေခဲ့ကြောင်း လော့ကျိုးကျိုး မြင်လိုက်ရသည်။ သံသယများစွာ ပွားကာ အမေးထုတ်ချင်သော်လည်း လော့ပေမှ ခပ်သွက်သွက်လျှောက်နေသဖြင့် ပြောစရာစကားများကို မျိုသိပ်၍ အမှီလိုက်ရတော့သည်။

ဥယျာဥ်ထဲမှ ထွက်ကာ မြက်ခင်းဘက် ပြန်ရောက်တာနှင့် လော့ပေသည် လော့ကျိုးကျိုးလက်ကို လွှတ်ကာ တီးတိုးမေးသည် "ခုနက ဘယ်လောက်ထိ ကြားသွားလဲ"

လော့ကျိုးကျိုးက ခပ်တိုးတိုးပြန်ဖြေသည် "ဆိုက်ဖာဘူးအကြောင်း၊ ချူဖုန်းရဲ့ သေသွားတဲ့ ရဲဘော် နှစ်ဆယ့်ရှစ်ယောက်အကြောင်း၊ သူက ဗိုလ်ချုပ်ကို သဲလွန်စမေးတာကို ဗိုလ်ချုပ်က မပြောပြဘူး၊ နောက်ပြီး ဒါရိုက်တာချီက တားနေတဲ့ကြားကနေ စစ်ဘက်ဌာနက ဘန်ဇီဒရင်းတွေ ယူသွား-"

သူ ပြောသည့်စကားနှင့်အတူ လော့ပေမျက်နှာမှာ ​မှောင်လာတော့သည်။ သူ ပြောလို့မဆုံးသေးခင်မှာတင် လော့ပေက ဖြတ်ပြောသည် "ရပြီ တော်တော့"

လော့ပေသည် လက်ကိုင်ပဝါတစ်ထည်ထုတ်၍ နဖူးပေါ်မှ ချွေးများကို သုတ်ကာ ဟိုဒီကြည့်ပြီးနောက် ပြောသည် "ဒါတွေအကုန် မင်း မကြားလိုက်သလိုနေ ဘယ်သူ့ကိုမှ မပြောရဘူး လုံးဝမပြောရဘူး နားလည်လား"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Tempat cerita menjadi hidup. Temukan sekarang