( ၂၃ )

15.2K 2.7K 161
                                    

<Unicode>

အခန်း ( ၂၃ )  -  အမှတ်အသားပြုခြင်း

ချူဖုန်းသည် ချန်စီဟန်၏ စကားအနက်ကို ချက်ချင်းပင် သဘောပေါက်နားလည်လိုက်၏။ ဟိ့ဒ်ဝင်နေသော အိုမီဂါအား ဖြေလျှော့ပေးရာတွင် အကောင်းဆုံးနည်းလမ်းမှာ ထိန်းဆေးမဟုတ်၊ အမှတ်အသားပြုခြင်းသာ ဖြစ်သည်။ မိမိခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ခြင်းပြုထားသော လော့ကျိုးကျိုးအား ကြည့်ကာ ချူဖုန်း၏ အကြည့်များသည် ဦးထိပ်ရှိ ဆံနွယ်များမှတဆင့် ဖြူဖွေးစွတ်နေသော ဂုတ်ကျောဆီ တဖြည်းဖြည်းရောက်ရှိသွားရသည်။

ဤနေရာတွင် နူးညံ့သော အသားစိုင်လေးရှိနေသည်။ ထိုအောက်တွင်မူ ဂလင်းငယ်တစ်ခုက ပုန်းကွယ်ကာ မချင့်မရဲဖြစ်ချင်စရာကောင်းအောင် အဆုံးသတ်မဲ့သော ရနံ့ငွေ့တန်းလေးများ ထုတ်လွှတ်ပေးနေလေသည်။ ချူဖုန်း၏ လည်ဇလုပ်မှာ အထက်အောက်လှုပ်ရှားသွားကာ တံတွေးမျိုချ၍ မြန်မြန်အကြည့်လွှဲလိုက်ရတော့သည်။

"ခဏစောင့်နော် ကျိုးကျိုး ဆေး လာနေပြီ" ပြောပြီးနောက် လော့ကျိုးကျိုး၏ စိုထိုင်း​နေသော ဆံပင်အား ခပ်ဖွဖွ ပုတ်သပ်ကာ အင်္ကျီလက်စဖြင့် နဖူးပြင်မှ ချွေးများကို သုတ်ပေးလိုက်သည်။

ငြိမ်သက်စွာ ချွေးသုတ်ခံနေခဲ့သော လော့ကျိုးကျိုးသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သလို ချူဖုန်း၏ လက်မောင်းများကြား မျက်နှာတိုးခွေ့ကာ ပခုံးနားအထိ ဖြည်းဖြည်းချင်း တက်လာရင်း နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့လိုက်ခံတော့သည်။ ဤခရီးစဥ်အကြား ပြိုလဲကျမလိုဖြစ်သွားသေးရာ ချူဖုန်းမှ ဆွဲဖက်ထိန်းပေးလိုက်ရကာ မေးလေသည် "ဘာဖြစ်လို့လဲ"

လော့ကျိုးကျိုးသည် အဖြေပြန်မဆိုပဲ ဒူးထောက်ထိုင်၍ ချူဖုန်း၏ ကုတ်ကျောအနားသို့ ခေါင်းမှီတင်လာသည်

နှာခေါင်းထိပ်ဖျားနှင့် ချူဖုန်း၏ အရေပြားကို ပွတ်တိုက်ကာ နွေးထွေးသော လည်တိုင်၊ ဂုတ်ကျောများအား သူ ေလာဘတကြီးဖြင့် လိုက်အနံ့ခံမိသည်။

'ဒီမှာပဲ'

'ဒီနေရာပဲ'

လည်တိုင်ဘေးဘက်ရှိ ပါးလျသော အရေပြားအောက်မှ စီးဆင်းနေသော သွေးကြောများကို သူ မြင်နေရသည်။ မမြည်းစမ်းရသေးသော်ငြား အရသာ မည်မျှချိုမြိန်မည်မှန်း သူ အတပ်ပြောနိုင်သည်။ လော့ကျိုးကျိုးသည် ရင်တဒုန်းဒုန်းခုန်လာရင်း ပင့်သက်ရှိုက်သံပြုသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Donde viven las historias. Descúbrelo ahora