( ၁၄ )

15.1K 2.5K 13
                                    

<Unicode>

အခန်း ( ၁၄ )  -  ရောဂါကေ့စ်ဌာန

အဆိုပါငပွေကောင် လော့ကျိုးကျိုးမှာ အနီးဆုံးမှ အဝေးဆုံးအဆင့်ဆင့် ဖိုင်များ ဖြန့်ဝေပေးပြီးနောက် လက်ထဲတွင် အစောင်ရေအနည်းငယ်မျှသာ ကျန်ရှိတော့သည်။အပေါ်ဆုံးရှိ စာဖိုင်မှ လေဘယ်လ်ကို ကြည့်လိုက်ရာ 'ရောဂါဗေဒဌာန' ဟု ရေးသားထားသည်မို့ ပင့်ကူမျှင်အိမ်ကဲ့သို့အလား ကွေ့ကောက်ပွေလီသော ကော်ရစ်ဒါများမှ ရောဂါဗေဒဌာနကို လိုက်ရှာရလေ၏။

ဤသုတေသနကျောင်းမှာ စစ်ရေးရာ အဆောက်အဦး၏ အထပ်နှစ်လွှာတိတိကို မူပိုင်သိမ်းထားကာ အပိုင်းအချိုးများမှာလည်း အကုန်ခပ်ဆင်ဆင်တွေသာ ဖြစ်ကြသည်။ အေးစက်စက်မီးအလင်းတို့ ရောင်ပြန်ထင်ဟပ်နေသော နှင်းဖြူရောင် နံရံချပ်များ၊ ကြွေပြားခင်းထားသည့်ကြမ်းပြင်တို့က မကြာမီပင် သူ့အား လမ်းမသိဖြစ်လာစေတော့သည်။ အနားတဝိုက်တွင် လူသူလည်းမမြင်သည်မို့ လော့ကျိုးကျိုးသည် တစ်ခါမှ မမြင်ဖူးသော စင်္ကြန်လမ်းထဲ တိုးဝင်သထက် ဝင်လာခဲ့လိုက်သည်။

လမ်းဆုံး၌ တောင့်တင်းသော သတ္တုထည် တံခါးတစ်ချပ် ရှိနေကာ အထက်တွင်တော့ 'ရောဂါကေ့စ်ဌာန'ဟု စာလုံးသုံးလုံး တပ်ထားသည်။

လော့ကျိုးကျိုးမှာ ၎င်းအား စာတစ်လုံးသာ ကွဲပြားသော ရောဂါဗေဒဌာနှင့် ယှဥ်ကြည့်လိုက်သည်။ သူ့အား ဤဌာနသို့ ပို့ခိုင်းခြင်းဖြစ်သော်ငြား စာဖိုင်ပေါ်တွင် လေဘယ်လ်မှားပေါင်းလိုက်သည်ပဲလား။ သူ အားကုန်သုံး၍ ဆွဲဖွင့်ရမည်ထင်ထားခဲ့သော်လည်း တံခါးကမူ အစကတည်းက ဟနေပြီးဖြစ်​ေလရာ တစ်ချက်ဆွဲရုံနှင့် ပွင့်လာ၏။

လော့ကျိုးကျိုးက ဖိုင်တွဲများပိုက်ကာ ဝင်လာလိုက်သည်။ အထဲတွင်ကား ဆိတ်ငြိမ်လျက် လူသူကင်းမဲ့သော အဖြူရောင် စင်္ကြန်လမ်းတစ်ခုပင်ဖြစ်ကာ အသံဟူ၍ အဲကွန်းလေထုတ်သံသာ ဖုံးလွှမ်းနေသည်။ လော့ကျိုးကျိုးမှ လျှောက်ဝင်လာရာတွင် သူ​ ဝတ်ထားသော လည်သာရှုးဖိနပ်၏ ဒေါက်နုနုအသံနှင့် လှုပ်ရှားသံအချို့က သိသာလာသည်။

ဓာတ်ခွဲခန်းများအပိုင်းမှ လူရှုပ်ပုံနှင့် ယှဥ်လိုက်လျှင် ဤနေရာကား တမူထူးခြားစွာ တိတ်ဆိတ်ကျ၍ နေသည်။ လူလျှောက်လမ်း၏ ဘေးနှစ်ဖက်၌ အခန်းငယ်များရှိနေကာ အခန်းတံခါးတို့တွင် နံပါတ်ကိုယ်စီ တပ်ထား၏။ အပေါ်ဘက်မှ မှန်ပြတင်းပေါက်ကိုမူ သံတိုင်များဖြင့် ကာထားသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now