( ၇၆ )

12.3K 2.2K 85
                                    

< Unicode >

အခန်း ( ၇၆ ) - ချူဖုန်း ကျွန်တော် သွေးသောက်ချင်တယ်

ချူဖုန်းသည် မိုးရေထဲ ထိုင်ရင်း ကြာခဲ့ပြီဖြစ်သော 'ရှောင်ဖုန်း' ဟု အခေါ်အဝေါ်ကို ကြားရာ ခေတ္တမျှ မိန်းမောဆွံ့အသွားရသည်။ ဝမ်ကျွင်းသည် မြေကြီးပေါ်တွင် လှဲနေရင်းမှ ချူဖုန်းကို ကြည့်ကာ "ရှောင်ဖုန်း မင်း ဗိုလ်ချုပ်ဖြစ်လာတာ ငါ သိတယ်။ ငါ အရမ်းဂုဏ်ယူတယ်"

"ဂုဏ်ယူတယ်? အဲ့ဒါဆို ဘာလို့ အခုလို လုပ်ခဲ့ရတာလဲ" ချူဖုန်းက မေးသည်။

လော့ကျိုးကျိုးက မိုးသည်းထန်စွာ သွန်းဖြိုးနေသော ကောင်းကင်ပြင်ကို ကြည့်ကာ တိတ်တဆိတ်ပင် ကားဆီ ပြန်သွား၍ ထီးယူလာပေးသည်။

"ဘာလို့...ဘာလို့..." ဝမ်ကျွင်းကား မေးခွန်းအပေါ် ရှင်းရှင်းလင်းလင်း နားမလည်ပုံ ရကာ ဝေဝေဝါးဝါးဖြင့် ရေရွတ်သည် "ဘာလို့ပါလိမ့်..."

ချူဖုန်းက ဖိအားမပေး၊ တည်ငြိမ်စွာပဲ ကြည့်နေလေသည်။ စက္ကန့်အတန်ကြာမှသာ ဝမ်ကျွင်းက ပြောလာသည် "တကယ်တော့ ငါ အိုလင်းမှန်တော်ရာအသင်းထဲ ဝင်ထားတာ ကြာပြီ။ ဒါပေမယ့် မင်းကို ဘယ်လို ပြောပြရမယ်မှန်း မသိခဲ့ဘူး။ မင်းတို့နဲ့ နောက်ဆုံးမစ်ရှင်ကို သွားရတုန်းက ဘာဗိုဘုရားကျောင်းထဲမှာ ဂိုဏ်းထောက်တစ်ယောက်လည်း ရှိနေတယ်။ သူ့ကိုသာ ဖမ်းမိသွားရင် အကျိုးဆက်တွေက အရမ်းများမှာမို့ ငါ လုပ်သင့်တာ လုပ်ခဲ့ရတယ်..."

"ဒါပေမဲ့ မင်း ငါတို့ နှစ်ဆယ့်ရှစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ ကျောင်းအတူ တက်ခဲ့ကြတဲ့ ညီအစ်ကိုတွေ၊ သေအတူရှင်မကွဲ ရှိခဲ့ကြတဲ့ ညီအစ်ကိုတွေကို မင်း သတ်ပစ်ခဲ့တယ်" ချူဖုန်းက အံကို တင်းတင်းကြိတ်ကာ စကားလုံးတစ်လုံးချင်း ဖွင့်ထုတ်သည်။

"ဘာညီအစ်ကိုတွေလဲ" ဝမ်ကျွင်းက ဆတ်ခနဲပင် ပြန်ပြောသည် "ငါတို့ စစ်ဘက်အကယ်ဒမီကျောင်းထဲ စရောက်တုန်းက အဲ့ဒီလူ့ဘော်ကြော့တွေဆီမှာ နေ့တိုင်း လှောင်ရယ်ခံခဲ့ရတာကို မေ့သွားပြီလား။ အလေရှာမှာ မွေးခဲ့တယ်ဆိုရုံနဲ့ အဲ့လူက ဘေးရာ့ဒ်က လူထက် ပိုသာသွားပြီလား။ ချူဖုန်း ဒါ မတရားဘူး...တကယ်မတရားဘူး"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now