( ၄၄ )

13.8K 2.5K 349
                                    

< Unicode >

အခန်း ( ၄၄ ) - နောက်တစ်ခေါက်

အရပ်ရှည်ရှည် ပိန်ပိန်ပါပါးနှင့် အရာရှိတစ်ဦးက စင်ပေါ်မှအဆင်း လှေကားခြေရင်းတွင် ရပ်နေလေရာ ချူဖုန်းက ပြုံး၍ ပြောလိုက်သည် "ကင်းဦးစီးချုပ် ဝေလ်ဆင် လမ်းလေးတစ်ချက်လောက် ဖယ်ပေးလို့ရမလား"

ဝေလ်ဆင်က ခွန်းတုံ့မပြန်သလို လှုပ်လည်း မလှုပ်ချေ။ မျက်လုံးများကျဥ်းမြောင်းလျက် ချူဖုန်းကို စိုက်ကြည့်နေလေသည်။

"ကင်းဦးစီးချုပ် ဝေလ်ဆင် တစ်ချက်လောက် ခွင့်ပြုပါဦး" ချူဖုန်းက နောက်တစ်ကျော့ပြန်ပြောသည်။ မျက်နှာပေါ်တွင် အပြုံးမပျက်သော်ငြား မျက်လုံးတို့ကမူ အေးခဲလို့နေသည်။

လော့ကျိုးကျိုးအပါအဝင် လူများအားလုံးက ထိုမြင်ကွင်းကို ငေးကြည့်နေကြချေသည်။

ချူဖုန်းရှေ့ ပိတ်ကာထားသော အရာရှိအား မြင်ဖူးသလို လော့ကျိုးကျိုး ထင်မိ၏။ သေချာစဥ်းစားကြည့်မှ အရင်တစ်ခေါက် သမ္မတကယ်လ်ဂါ သုတေသနကျောင်း လာတုန်းက ထိုအရာရှိလည်း လိုက်လာကာ ချူဖုန်းက ဘယ်ဘက်တွင် ရပ်ပြီး ထိုလူက ညာဘက်တွင် ရပ်နေခဲ့သည်။

ချူဖုန်းကို အတန်ကြာ စိုက်ကြည့်နေပြီးသောအခါ ဝေလ်ဆင်က တဖြည်းဖြည်းပြုံးပြသည်။ ထို့နောက် ချူဖုန်းနား ကိုင်းငုံ့ကာ တီးတိုးပြောသည် "ဗိုလ်ချုပ်ချူသဘောကျရတဲ့ အိုမီဂါက ဘယ်သူများပါလိမ့် အရမ်းချောမှာပဲနော်"

ချူဖုန်း အပြုံးက ပိုလေးနက်သွားကာ လက်ဆန့်ထုတ်၍ ဝေလ်ဆင်၏ ပခုံးကိုတောင် ပုတ်လိုက်ပြီးနောက် ပြောလေသည် "ကင်းဦးစီးချုပ် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ သူက အေ့စ်ဘားက မစ္စရူယာနဲ့တော့ မတူဘူးဗျ"

ဝေလ်ဆင်မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားတော့ကာ မျက်လုံးများပါ အေးစက်သွားကြသည်။

"ဝေလ်ဆင် အလှည့် မစောင့်နိုင်တော့ဘူးပေါ့လေ စိတ်မပူနဲ့ မကြာခင် မင်းလည်း မင်း ပါတနာကို ဖိတ်ရတော့မှာပါကွ" နောက်မှ စင်ပေါ်တွင် ရပ်နေသော ကယ်လ်ဂါက မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ လှမ်းအရွှန်းဖောက်လေသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now