( ၈၇ )

12.4K 2.2K 59
                                    

< Unicode >

အခန်း ( ၈၇ ) - ကျွန်တော် မသေနိုင်ဘူး

တောင်ကြားမှ ဖေးလ်မြစ်က လှိုင်းထန်လာကာ ဘေးနှစ်ဖက်မှ ကျောက်တောင်များမှလည်း အန္တာရယ်ကြီးစွာ ချွန်ထက်ရှနေကြသည်။ ချူဖုန်းသည် စပိဘုတ်လေးကို ပဲ့ကိုင်ကာ လှိုင်းများထက် တအိအိစုန်ဆန်ကူးမောင်းရင်း မကြာမီပင် ဟယ်လီကော်ပတာကို မှီလာတော့သည်။

ဟယ်လီကော်ပတာကား သိပ်မြင့်မြင့်ကြီးမောင်းမနေပေ။ ရေပြင်အထက် မီတာရာဂဏာန်းအမြင့်တွင်သာ ဝဲပျံနေ၏။ ကယ်လ်ဂါသည် မကြည်မလင်ဖြင့် လေယာဥ်မှူးခန်းထဲ ထိုင်ရင်း မျက်လုံးများ စေ့မှိတ်ထားလေသည်။ ထိုသို့ နေနေသည်မှာ အချိန်ကြာပြီဖြစ်ကာ သူ ဘာတွေးနေမှန်း ဘယ်သူမှ မသိကြ။

"အရှင်မြတ် အဆင်ပြေရဲ့လား လေယာဥ်က ဒီနေရာမှာဆို နည်းနည်းလှုပ်တယ်" ပါစင်ဂျာခုံတွင် ထိုင်နေသော ဝေလ်ဆင်က နောက်လှည့်လာကာ မေးသည်။

ကယ်လ်ဂါက နှုတ်မှ ဖြေဆိုခြင်းမပြုပဲ ခေါင်းခါပြသည်။ ဝေလ်ဆင် ရှေ့ပြန်လှည့်ရန် ပြင်လိုက်ချိန်မှ ရုတ်တရက် ပြောလာသည် "မတုန်လှုပ်နဲ့။ ငါ ဒါတွေအတွက် နှစ်နဲ့ချီ ပြင်ဆင်လာခဲ့တာ။ အခုလို နေ့မျိုးရောက်လာလို ရောက်လာငြား ကျောင်းအတွက် ရံပုံငွေတွေ လက်နက်တွေ ပြင်ဆင်ပေးထားခဲ့တာ"

ဝေလ်ဆင်က အံ့အားတသင့်ဆိုသည် "အရှင်မြတ်က တကယ်အမျှော်အမြင်ကြီးလှပါတယ်"

ကယ်လ်ဂါသည် မျက်လုံးများ ကျဥ်း​မြောင်းသွားကာ "ငါ့မှာသာ သမ္မတရာထူးရထားခဲ့ရင် လုပ်ချင်တာကို တန်းလုပ်လိုက်လို့ရတယ်။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ အဆင်မပြေတော့လည်း ကွေ့ပတ်ပြီး နှစ်လေးနည်းနည်းလောက် ထပ်ကြိုးစားရမှာပေါ့။ ငါ ဘုရားကျောင်းပြန်ရောက်ရင် အကုန်အဆင်ပြေသွားလိမ့်မယ်"

"အမှန်ပါပဲ အရှင်မြတ်ရှိနေသရွေ့ အရာရာအဆင်ပြေသွားမှာပါ"

ကယ်လ်ဂါက မျက်နှာပျက်ကျသွားပြန်ကာ မျက်လုံးများထဲ ရန်လိုမှုများပေါ်ပေါက်လာလျက် ဆိုသည် "ဒီတိုင်း ငါ့ကိုယ်ငါ ယုံကြည်မှုတော်တော်လွန်ကဲခဲ့ပါလားလို့ တွေးမိတယ်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now