( ၂၄ )

15.1K 2.6K 46
                                    

<Unicode>

အခန်း ( ၂၄ ) - မင်းရော ဆန္ဒရှိလား

လော့ကျိုးကျိုးသည် ကောင်းမွန်စွာ အိပ်မပျော်ခဲ့ချေ။ မျက်မှောင်ကုတ်၍ ရံဖန်ရံခါ ပွစိပွစိနှင့် ယောင်ယမ်းရေရွတ်နေခဲ့လေသည်။

ချူဖုန်းမှ အာရုံစိုက်၍ နားထောင်ကြည့်လိုက်ရာ "အိမ်တော်ထိန်းလီက ငါ့ကို မီးစင်တင်ရှို့ပြီး အရိုးပြာတွေကို အိမ်သာထဲ မျှောပစ်ချင်နေတယ်" ဟူသည့် စကားတစ်ခုသာ သေချာနားလည်လိုက်နိုင်သည်။

ဤသို့ဖြင့် ချူဖုန်းသည် ဆိုဖာပေါ်တွင် ကျောပစ်မှီကာ မျက်လုံးများကို မှေးမှိတ်ထားလျက် ကယောင်ကတမ်း စကားများကို အပြုံးတစ်စဖြင့် နားထောင်မိလေသည်။

တီ တီ တီ တီ တီ...

တိတ်ဆိတ်သော အခန်းထဲတွင် တာမီနယ်အသံက ကျယ်လောင်စွာ ပေါ်ထွက်လို့လာ၏။ လော့ကျိုးကျိုး၏ စောင်ပြင်ထွက်ကျနေသော လက်ကောက်ဝတ်ရှိ တာမီနယ်မှနေ စခရင်မျက်နှာပြင်တစ်ခု အလိုအလျောက်ပေါ်ပေါက်လာကာ ဗိုလ်ချုပ်လော့ပေဟု ထင်ဟပ်ပြနေသည်။

ချူဖုန်းသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အဝင်ကောကို လက်ခံလိုက်ရာ လော့ပေထံမှ ဒေါသတကြီးဖြင့် အော်ငေါက်လိုက်သံသည် တစ်ခန်းလုံးကို ဟိန်းထွက်သွားတော့သည် "လော့ကျိုးကျိုး! ငါ မင်းကို အချိန် နာရီဝက် ပေးမယ် ဘယ်နေရာပဲ သွားသဝေထိုးနေနေ အခုပြန်လာခဲ့! အခုချက်ချင်းနော်!"

လော့ကျိုးကျိုးသည် အနှီရင်းနှီးနေကျ ငေါက်သံအောက်တွင် အိပ်မောကျနေသည့်ကြားမှ တုန်ယင်တက်နေချေပြီ။

ချူဖုန်းသည် တာမီနယ် call ကို တစ်ဦးဖြေ mode သို့ ပြောင်းလိုက်သည်။

"ဟယ်လို ဗိုလ်ချုပ်လော့ လော့ကျိုးကျိုး အခု ကျွန်တော့်ဆီမှာ အိပ်ပျော်နေလို့ သူ နိုးလာရင် ပြန်ပို့ပေးလိုက်မယ်ဗျ" ထို့နောက် မထုံတက်တေးပင် ပြော၏။

လော့ပေ၏ တက်တက်ကြွကြွ ဟောက်သံမှာ ရုတ်တရက် တန့်ရပ်သွားတော့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယုံရခက်စွာ မေးစမ်းကြည့်လာသည် "ချူဖုန်းလား"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now