( ၁၆ )

14.7K 2.5K 241
                                    

<Unicode>

အခန်း ( ၁၆ ) -  ရဲစခန်းသို့ အလည်နောက်တစ်ခေါက်

အိုမီဂါငယ်နှစ်ယောက်သည် လှုပ်လီလှုပ်လှည့်နှင့် တောင့်တင်းစွာ လှေကားထစ်များမှ တက်ခဲ့ကြသည်။ လုံခြုံရေးဂိတ်မှ အစောင့်များသည် အစကတော့ သူတို့ထံမှ အကြည့်များကို လွှဲဖယ်သွားခဲ့သော်ငြား အခု ပြန်ကြည့်ချေပြီ။

လော်ဘီဆောင်၌ လူရှိမနေပေ၊ ဧည့်ကြိုကောင်တာတွင်သာ တာမီနယ်ထဲမှ ဂိမ်းဖွင့်ကစားနေသော ဝန်ထမ်းတစ်ဦး ထိုင်နေလေသည်။ လော့ကျိုးကျိုးတို့၏ ခြေလှမ်းကို ကြားသော်လည်း ထိုလူကမူ တစ်ချက်တောင် မော့ကြည့်မလာခဲ့။

လင်းဖန်သည် အနှီဝန်ထမ်းကို ကျောပေးလျက် တာမီနယ်ကို ဖွင့်ကာ ကြိုသိမ်းထားသော မြေပုံအား ထုတ်ပြသည်။

"မှတ်ထားဦး လော်ဘီရောက်ရင် ဘယ်ကိုချိုး ပြီးရင် အထွက်လမ်းကနေ ငါးလွှာကို တက်ရမယ်" ထို့နောက် လော့ကျိုးကျိုးအား တီးတိုးပြောသည် "ဒီမြေပုံအရဆို ငါးလွှာမှာ သွေးသိုလှောင်ခန်းရှိတယ်"

"အေး သိပြီ" လော့ကျိုးကျိုးကလည်း အသံအုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

ပြီးသော် နှစ်ဦးသားသည် မြေပုံမှ ညွှန်ထားသည့်အတိုင်း လော်ဘီဆောင်ကို ဖြတ်ကာ ဘယ်ဘက်သို့ ချိုးဝင်လာခဲ့​ေလသည်။

လမ်းတွင် လင်းဖန်သည် ကြောက်လန့်လာသည့်ဟန်ရကာ စကားများ တရစပ်မနားစတမ်း ထပြောတော့သည်။

"ငါ တကယ်က နေကာမျက်မှန်နှစ်လက် ယူခဲ့သေးတယ် ဒါပေမဲ့ အရမ်းသိသာသွားမလားဆိုပြီး အိတ်ထဲပဲ ထည့်ထားတာ မထုတ်ဖြစ်ဘူး ကျိုးကျိုး ငါ့ နှလုံးကြီးတစ်ခုလုံး ဝုန်းဒိုင်းကြဲနေတာပဲ ငါတော့ အမောဖောက်နေပြီ ထင်တယ်"

လော့ကျိုးကျိုးသည်လည်း နံဘေးတွင် လင်းဖန်အတိုင်းပင် နှလုံးသွေး တဒိန်းဒိန်းခုန်နေရပါ၏။ သို့သော် သူကတော့ ကြောက်ရွံ့နေ၍မဟုတ်၊ စိတ်လှုပ်ရှားနေသောကြောင့်သာ။ သူ နောက်ဆုံးတော့ သွေးသောက်နိုင်တော့မည် ဖြစ်သည်လေ။

အပြေးအလွှားဖြင့် အလုပ်များနေသော ဆရာဝန်တစ်ဦးအပါအဝင် လူများစွာနှင့် အထွက်လမ်းကော်ရစ်တာတွင် သူတို့ ဆုံခဲ့ရသည်။ ထိုအချိန်မျိုးတွင် နှစ်ဦးသား အသက်အောင့်ခဲထားမိကာ ဘာမျှမဖြစ်သလို ဟန်ဆောင်ကြရ၏။ ကျော်သွားကာမှ အသက်ပြန်ရှု၍ လုံခြုံရေးတံခါးပေါက်ထဲသို့ သွက်လက်စွာ ပြေးဝင်လိုက်တော့​ေလသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Tempat cerita menjadi hidup. Temukan sekarang