( ၄၁ )

13.2K 2.5K 71
                                    

< Unicode >

အခန်း ( ၄၁ ) - အကူအညီလို့ပဲ မှတ်ယူလိုက်မယ်

လူများအားလုံးပင် မီးကို ရေနှင့် ငြှိမ်းလိုက်သည့်အလား ရှဲခနဲ တိတ်ကျသွားတော့လေသည်။

ငမန်းပြာဟု ခေါ်သော လူငယ်သည် ဖြည်းလေးစွာ ရှေ့လျှောက်လာကာ မျက်နှာတင်းမာစွာ မေးလိုက်ချေသည် "မှောင်ခိုစျေးကွက် စည်းမျဥ်းတွေကို မေ့သွားတာလား ဘယ်သူ ပြဿနာရှာနေတာလဲ"

"မဟုတ်ပါဘူး မမြင်ဖူးတဲ့ အိုမီဂါလေး တွေ့လို့ နောက်ပြောင်မိကြရုံပါ ဘယ်သူက ဘာလုပ်ရဲမတဲ့လဲ" တစ်ဦးက စဥ်းလဲသော ရယ်သံမျိုးဖြင့် ဆိုသည်။

လော့ကျိုးကျိုးသည် ကျောပိုးအိတ်ကို လွယ်ပိုးလိုက်ရင်း ဤနေရာ၏ မန်နေဂျာဖြစ်ပုံ ရသော ငမန်းပြာကို မြင်ရာ ကျယ်လောင်စွာ ပြောလိုက်သည် "ခင်ဗျားရဲ့ စျေးကွက်က တစ်စက်မှ မကောင်းဘူးပဲ"

ငမန်းပြာက သူ့ကို ကြည့်ကာ မေးသည် "ဘာ မကောင်းတာလဲ"

"ကျွန်တော်တို့မှာလည်း မှောင်ခိုစျေးကွက်ဆိုတာရှိတယ် ဒါပေမယ့် ငြိမ်းငြိမ်းချမ်းချမ်းပဲ အရောင်းအဝယ် လုပ်ကြတာ ဘယ်သူမှ အခုလိုမျိုးမနေဘူး" လော့ကျိုးကျိုးသည် အလတ်ဆတ်ဆုံး ပလက်စ်မာကို ရွေးဝယ်သော မှောင်ခိုစျေးကွက်၏ ပုံမှန်ဖောက်သည် ဖြစ်ခဲ့သော်ငြား တစ်ခါမှ ဤသို့အခြေအနေမျိုးနှင့် မကြုံခဲ့ရဖူးချေ။

စွမ်းအားကြီးမားသော ဗန်ပိုင်းယားများသည် ပေါ်ထင်စွာရော မသိမသာရော သွားလာလှုပ်ရှားကြသည်။

"မင်း သွားခဲ့တဲ့ မှောင်ခိုစျေးကွက်မှာရော မင်းလို အိုမီဂါလေးတွေ တစ်ယောက်တည်း လျှောက်သွားလို့ ရလား" ငမန်းပြာက ပွင့်ပွင့်လင်းလင်းပင် မေးသည်။

"ကျွန်တော်တို့ စျေးကွက်မှာ အိုမီဂါတော့ မရှိဘူး ဒါပေမဲ့ လူအိုတွေ မိန်းမတွေ ကျန်းမာရေး မကောင်းတဲ့လူတွေပါ လွတ်လွတ်လပ်လပ်နဲ့ ရောင်းချလို့ ရတယ် စည်းမျဥ်းတွေလည်း သေချာချထားတော့ ခုလို မဟုတ်တာ မလုပ်ရဲကြဘူး"

"မြေအောက်မှောင်ခိုစျေးကွက်ဆိုတာ ခွန်အားကြီးစိုးတဲ့ အရှုပ်တော်ပုံ နေရာမျိုးပဲ" ငမန်းပြာက ဆိုသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now