( ၁၉ )

14.8K 2.4K 21
                                    

<Unicode>

အခန်း ( ၁၉ )   -   နိဂုံးများ

"မင်း အပေါ်ပြန်တက်နှင့် ငါ ဒီအောက်မှာ ကြာဦးမယ်" ချူဖုန်းသည် လိုက်ပို့သော ရဲအရာရှိကို ပြောလိုက်သည်။ ထိုလူ ပြန်ထွက်သွားပြီးနောက် သဘာဝကျကျပင် လော့ကျိုးကျိုး၏ လက်ကို လှမ်းဆွဲကိုင်ကာ ရင်ခွဲရုံထဲ ဝင်ခဲ့လေသည်။

အခန်းကား အတော်ပင်ကျယ်ပြန့်ကာ မျက်နှာကြက်မှနေ အဖြူဖျော့ရောင် မီးအလင်းဖြာကျနေသည်။ နံရံတစ်ပြင်လုံးတွင် နံပါတ်အစဥ်လိုက်ဖြင့် စနစ်တကျ စီရီထားသော လူသေအလောင်းထည့်သည့် နက်ပြာရောင် အခဲကန့်များနှင့် ပြည့်နှက်နေသည်။

တစ်ခန်းလုံးမှာ တိတ်ဆိတ်​ကာ ချမ်းစိမ့်နေ၏။

"ကြောက်နေလား" လော့ကျိုးကျိုးမှ ထိုအအေးကန့်များကို ကြည့်နေသည်ကို တွေ့ရာ ချူဖုန်းက မေးလာသည်။ သူ၏ အသံမှာ အေးစက်သော်ငြား ထူးဆန်းသော နူးညံ့မှုတို့ ပျော်ဝင်သက်နေသည်။

"ဟင်?" လော့ကျိုးကျိုးသည် အခုမှ အသိပြန်ကပ်ကာ ခေါင်းခါလျက် ဖြေလိုက်သည် "မကြောက်ပါဘူး"

အမှန်ကား သူ့ လက်ကို လာရောက်ဆုပ်ကိုင်ထားသော တစ်ဖက်လူ လက်အပေါ်တွင်သာ အာရုံစိုက်နေမိသဖြင့် အခြားဘာကိုမှ ဂရုစိုက်မနေနိုင်ခြင်းသာ။

သူ့ လက်အား ေထွးကိုင်ထားသည့် အထိအတွေ့မှာ နွေးထွေးလွန်းသည်။ ဘာကြောင့်ရယ်မှန်းမသိ နှလုံးခုန်တွေ မြန်လာရကာ ရှောင်ဖယ်လိုက်ချင်သော်လည်း သူ မရှောင်မိ။

ချူဖုန်းက ပြုံးသည် "အတူတူပဲ ကိုယ်လည်း မကြောက်ဘူး"

ထို့နောက် တံခါးနံဘေးရှိ အဝတ်ဗီရိုထဲမှနေ တစ်ခါသုံးပိုးသတ်ဝတ်စုံများကို ထုတ်ကာ အဝတ်အိတ်ပေါ်မှ မော်ဒယ်နံပါတ်များကို စစ်ကြည့်လျက် တီးတိုးရေရွတ်လေ၏ "ဆိုဒ်သေးထည့်ပြင်ထားပါလို့ ဒီလောက်ပြောထားတာကိုတောင်"

ပြီးသော် လော့ကျိုးကျိုးလက်ကို လွှတ်ကာ ကိုယ်ပိုင်ဗီရိုမှ လိုချင်တာကို ရှာတွေ့လာရာ လော့ကျိုးကျိုးအား ကမ်းပေးလိုက်ပြီး ဆိုသည် "ဒါဝတ်လိုက်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now