( ၆၃ )

13.8K 2.3K 217
                                    

< Unicode >

အခန်း ( ၆၃ ) - ကျွန်တော်နဲ့အတူအိပ်

သမ္မတအိမ်တော် အစည်းအဝေးခန်းထဲတွင် ဖြစ်ချေသည်။

ယနေ့လည်း အခြေအနေက သိပ်မထူးခြားနားပေ။ တင်ပြချက်များက ထုံးစံလိုပင် ဖြစ်သည်။ နယ်စပ်ဘက်တွင် အိုလင်းမှန်တော်ရာဘုရားကျောင်းနှင့် ပတ်သက်ရာ သတင်းထွက်လာသဖြင့် အရာရှိအချို့က ကိုယ့်နေရာနှင့်ကိုယ် အကြုံပြုကြသည်။

မူတစ်ချက်မပျက်ပဲ ချူဖုန်းသည် တစ်ခွန်းစ နှစ်ခွန်းစ ဝင်ပြောပြီးနောက် အခန်းတစ်ဘက်မှ ဝေလ်ဆင်အကြည့်တို့နှင့် ထိပ်တိုက်သွားဆုံသည်။

ဝေလ်ဆင်သည် သူ့ကို သရော်လိုဟန်ဖြင့် ကြည့်ကာ ခပ်ထေ့ထေ့ပြုံးပြလာသည်။

ချူဖုန်း အကြည့်လွှဲ၍ ရှေ့မှ တာမီနယ်စခရင်ကိုသာ ငေးနေလိုက်တော့သည်။

မီတင်က တိုတောင်း၍ မနက်ဆယ့်တစ်နာရီတွင် ပြီးဆုံးသွားလေသည်။ ပြီးနောက် ချူဖုန်း သမ္မတအိမ်ရာမှ ထွက်ကာ အိမ်အမြန်ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်တာနှင့် စစ်ဘက်ယူနီဖောင်းကို ချွတ်ကာ အရောင်ဖျော့ကုတ်တစ်ထည်ကို ကောက်ဝတ်၍ ကားသော့ဆွဲပြီး အိမ်မှ ထွက်ခဲ့လေသည်။ ယိုင်ခွေကျနေသော ပန်းရုံနား ထိုင်နေကြသော ယောက်ျားနှစ်ယောက်သည် ချူဖုန်း အောက်ဆင်းလာသည်ကို မြင်သော် ဘယ်ညာဝေ့ကြည့်၍ လူစောင့်နေဟန်ဖမ်းလိုက်လေသည်။

ချူဖုန်း လေချွန်၍ ထိုလူတို့အနား လျှောက်သွားကာ ခြေလှမ်းရပ်လိုက်ချေသည်။ ထိုလူနှစ်ယောက်သည် ဆက်ထိုင်နေကြသေးသော်ငြား မျက်နှာများကတော့ မအီမသာဖြစ်သွားကာ ဂျာနယ်ကိုင်ထားသော လူဆို လက်များပင် တုန်ယင်နေလေသည်။

"အေးတယ်နော်" ချူဖုန်းသည် ဟိုသည်ကြည့်ကာ ကုတ်အင်္ကျီကော်လာကို ပင့်တင်ရင်း စကားစမြည်ဆိုလိုက်သည်။

ထိုလူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ထိတ်လန့်စွာ ပြိုင်တူပြန်ဖြေလေသည်။

"အေးတယ်"

"မအေးဘူး"

ချူဖုန်းက ရယ်၍ ဖော်ရွေစွာ ပြောလိုက်သည် "ပင်ပန်းနေမှာပေါ့"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now