( ၇၇ )

12.9K 2.2K 91
                                    

< Unicode >

အခန်း ( ၇၇ ) - ရှောင်ယွီကို ကယ်နိုင်ပြီ

လော့ကျိုးကျိုး နိုးလာသောအခါ လူမရှိသော ဆေးရုံခန်းထဲ ရောက်နေကြောင်း တွေ့လိုက်ရ၏။ လက်ကောက်ဝတ်ကို ကြည့်ရာ ဆေးသွင်းပိုက်ချိတ်ထားလျက် ရှိနေ၏။ သူ စောင်ဖယ်ကာ အိပ်ရာထဲမှ ထွက်၍ ခြေညှပ်ဖိနပ်ဝတ်လိုက်ချိန်မှာပင် တံခါးပွင့်ကာ ချီဖန်းက ထမင်းဘူးနှင့်အတူ ဝင်လာလေသည်။

"ဒါရိုက်တာချီ" လော့ကျိုးကျိုး အံ့အားသင့်သွားကာ ထရပ်သည်။

ချီဖန်းက သူ့ကို ​တစ်ချက်လှမ်းကြည့်ကာ မေးသည် "နိုးပြီလား"

"အင်း"

"ခန္ဓာကိုယ်မှာ နေလို့ မကောင်းတဲ့ နေရာတွေများရှိသေးလား" ချီဖန်းက ထမင်းဘူးကို စားပွဲပေါ် တင်လိုက်သည်။

လော့ကျိုးကျိုး ခေါင်းကို ဖြစ်သလိုပင် ခါပြလိုက်ကာ "ဟင့်အင်း နေလို့ကောင်းပါတယ်"

ချီဖန်းက လှောင်ရယ်၍ ဆိုသည် "ဆယ်နာရီကျော်လောက် အိပ်ထားတာကို နေမကောင်းရင်လည်း..."

လော့ကျိုးကျိုးက ပြန်မဖြေပဲ အခန်းထဲ ဟိုသည်လျှောက်ကြည့်နေရာ ချီဖန်းက ဖြတ်ပြောသည် "ရှာမနေနဲ့။ ချူဖုန်း ဒီမှာ မရှိဘူး"

"အာ့ဆို ဘယ်သွားတာလဲ" လော့ကျိုးကျိုးက အနားကပ်လာကာ မေးသည်။

ချီဖန်းက ရှုတည်တည်ကြည့်လိုက်ကာ "သူ ဒီမှာပဲ နေနေတာ ဆယ်နာရီကျော်ကြာပြီ။ မင်း နိုးလာတော့မယ်ထင်တော့ အိမ်ပြန်ပြီး ထမင်းဟင်းသွားချက်တယ်။ နောက် ငါနဲ့ ထည့်ပေးလိုက်တာ။ အရင်လာစားချေ။ ချူဖုန်းက ရေမိုးချိုးပြီးမှ လာလိမ့်မယ်"

လော့ကျိုးကျိုး စားပွဲခုံသို့ သွား၍ ထမင်းဘူးအဖုံး ဖွင့်လိုက်ရာ အစားအသောက်ရနံ့တို့က ပျံ့လွင့်လာတော့သည်။ ထိုအခါမှပဲ သူ ဝမ်းဗိုက်ထဲ ဟာနေမှန်း သတိပြုမိတော့ကာ တူကို ယူကိုင်၍ အလုတ်ကြီးကြီး စားပစ်လိုက်လေသည်။

"သွေးတွေ ဒီလောက်သောက်ထားတာကို မဝသေးဘူးလား။ အစာစားဖို့ လိုသေးတယ်ပေါ့" ချီဖန်းက နောက်မှနေ ရုတ်တရက်ပြောလာသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now