( ၅၅ )

13.5K 2.3K 123
                                    

< Unicode >

အခန်း ( ၅၅ ) - ချူဖုန်းနဲ့ သွားနေ

ချူဖုန်းက နက်ရှိုင်းသော အနမ်းတို့ကို အဆုံးသတ်လျက် ဖြည်းလေးစွာပင် နှုတ်ခမ်းများအား ဖယ်ခွာပေးလိုက်သည်။ ရင်ထဲ နေရာလပ်မကျန် ပွေ့ဖက်ခံထားရသော လော့ကျိုးကျိုးကား မျက်လုံးများကို မှိတ်ထားကာ နှုတ်ခမ်းပါးတို့ဆို ရဲတောက်နီနေလေသည်။ ခုနလေးတင် ထိကပ်ထားသော နှုတ်ခမ်းတို့ စွန့်ခွာသွားပြီမှန်းကို ခံစားမိသောအခါ လူငယ်လေးသည် တင်းတိမ်နိုင်စွမ်းမရှိစွာ အင့် ခနဲ ညည်းသည်။ ထို့နောက် မကျွမ်းမကျင်ဖြင့် အပေါ်ဘက်ကို လိုက်မော့၍ ေနွးထွေးနူးညံ့မှုတို့အား ရှာကြည့်သော်ငြား မခံစားနိုင်တော့။

အက်ရှသော ရယ်သံကို ကြားမှသာ မကျေမနပ်နှင့် သူ မျက်လုံးဖွင့်ကြည့်လာ၏။

"လာ အောက်ဆင်းကြရအောင် ခေါင်မိုးပေါ်မှာက အေးတယ်" ချူဖုန်းက လော့ကျိုးကျိုးကို တစ်ချက်ဖွဖွနမ်းပေးလိုက်သည်။

အိမ်ထဲ ပြန်ရောက်သော် ချူဖုန်း ရေချိုးခန်းထဲ ဝင်ကာ ရေသွားချိုးလေသည်။ တီရှပ်အသန့်တစ်ထည် လဲဝတ်ပြီး ပြန်ထွက်လာသောအခါ ပရိုဂျက်တာတွင် ဇာတ်ကားတစ်ကား ပြသနေချေသည်။ ဇာတ်လမ်းကား စစ်ပွဲများအကြောင်း ဖြစ်ကာ သေနတ်မီးများ ရဲတောက်လျက် အသားစများအကုန် ပျံလန်ထွက်လို့နေသည်။ လော့ကျိုးကျိုးကမူ ဆိုဖာပေါ်တွင် လှဲကာ စိတ်ဝင်တစားကြည့်နေပေသည်။

ချူဖုန်း သူ၏ ဆံပင်အစိုကြီးကို တဘက်ဖြင့် သုတ်ရင်း မေးမိသည် "အဲ့ဒါကြည့်ရတာ ကြိုက်လို့လား"

လော့ကျိုးကျိုးက တုံ့ဆိုင်းခြင်းမရှိစွာ ပြန်ဖြေသည် "ကြိုက်တယ်"

ဆံပင်ခြောက်အောင် သုတ်ကာ တဘက်ကို ရေချိုးခန်းထဲမှ အဝတ်လျှော်ခြင်းထဲသို့ ပစ်ထည့်လိုက်ပြီးသော် ချူဖုန်းသည် ရေချိုးဆပ်ပြာရနံ့များ သင်းပျံ့လျက် ဆိုဖာဆီ လျှောက်လာကာ ထိုင်ချလိုက်သည်။ လော့ကျိုးကျိုးသည် ချက်ချင်းပင် ချူဖုန်းရင်ခွင်ထဲ တိုးဝင်ကာ ခေါင်းမှီထားလိုက်လေသည်။

"ရိုမန့်စ်ကားတွေကိုရော? ကြည့်ရတာ ကြိုက်လား" ချူဖုန်းက ခေါင်းငုံ့ကြည့်ကာ မေးသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now