( ၄၃ )

13.7K 2.5K 163
                                    

< Unicode >

အခန်း ( ၄၃ ) - အဖွင့်ကကွက်ကို ဗိုလ်ချုပ်ချူကို ပေးပါတယ်

ချူဖုန်းမှ အိမ်ပြန်ပို့ပေးပြီးနောက် လော့ကျိုးကျိုးသည် ရေမိုးချိုးကာ လင်ဒါ အသစ်ချုပ်လာပေးသော ဝတ်စုံကို ခပ်သွက်သွက်ပင် လဲလိုက်လေသည်။ ဝတ်စုံကား ဖြူဖွေးစွတ်လို့ နေကာ သူ၏ ခါးသိမ်လေးကအစ fit ဖြစ်လွန်းသည်။ လက်ခေါက်နေရာများ နှင့် လည်ကော်လာများကို ရွှေရင့်ရောင်ချည်ဖြင့် အနားကွပ်ထားရာ နှုတ်ခမ်းများကို ပိုနီစွေးတက်၍ သွားလေးများအား ဖြူထင်းနေစေသည်။ စားပွဲပေါ်တွင် လက်ဝတ်လက်စားတို့ အစုံလိုက်တင်ထားလျက် လော့ပေတစ်ယောက် မဂ္ဂဇင်းထဲမှနေ ရှာတွေ့လာခဲ့သော မော်ဒယ်ဖြစ်ပုံပင်။

ဘူးကို ဖွင့်လျက် လှပစွာပင် ပြုလုပ်ထားသော စိန်ထည် လက်ကြယ်သီးများ ရင်ထိုးများကို တပ်ဆင်လိုက်ချေ၏။ ချူဖုန်းမှ ပထမဆုံး အကအတွက် ကမ်းလှမ်းလာမည်ကို တွေးမိရာ ေလာ့ကျိုးကျိုးသည် မှန်ရှေ့တွင် လှုပ်ရှားကာ သီချင်းညည်းပြီး ရှေ့နောက်ခြေလှမ်း၍ အစမ်းကမိလေသည်။

"ဆောရီးပါ ကိုယ် မင်း ခြေထောက်ကို တက်နင်းမိသွားတယ်" ထို့နောက် ချူဖုန်းအသံကို အတုခိုးကာ ပြောရင်း မျက်မှောင်ကုတ်လိုက်သည်။

ပြီးသော် သူ့အသံပြန်ပြောင်းကာ "ရပါတယ် ကျွန်တော့်ခြေထောက်ကို နင်းမိလည်း ရတယ်"

"ကျိုးကျိုးရေ ပြီးပြီလား" လင်ဒါက တံခါးကို ခေါက်ကာ မေးသည် "သွားဖို့ အချိန်ရောက်ပြီ"

"လာပြီ" လော့ကျိုးကျိုးသည် အကရပ်၍ မှန်ထဲ နောက်တစ်ခေါက် ထပ်ကြည့်ကာ စိတ်တိုင်းကျသွားမှ အခန်းထဲက ထွက်လာလေသည်။

လင်ဒါသည် ပန်းနုရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားချေသည်။ ဆံပင်အား အသေအချာပဲ ပုံသွင်း၍ မြှင့်တင်လျက် သူမ၏ လည်တံရှည်များအား လှစ်ဟဖော်ထား၏။

"မဒမ် ဒီနေ့ တကယ်လှနေတယ်" လော့ကျိုးကျိုးသည် ရင်ထဲမှနေ လှိုက်လှိုက်လဲလဲကို ချီးကျိုးစကားဆိုမိသည်။

လင်ဒါသည် သားဖြစ်သူ၏ နဖူးကို လက်ညှိုးဖြင့် ခပ်ဖွဖွပုတ်ကာ ဒေါသထွက်သွားဟန်ဆောင်လျက် ပျော်ရွှင်စွာပင် ဆိုသည် "အမြဲတမ်း မဒမ်ပဲ ခေါ်နေသိလား အမေလို့တောင် မခေါ်တော့ဘူး"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now