( ၅ )

20K 2.7K 141
                                    

<Unicode>

ကိုယ့်ရဲ့ ဦးလေး ဒီနေ့မနက် ကိုဗစ်ကြောင့် ဆုံးသွားပါတယ်။ ရင်ထဲ တော်တော် နေမကောင်းတာမို့ ကိုယ့်ကို တစ်ပတ်လောက် ခွင့်ပေးပါ။ လောလောဆယ် အခန်း ၅ ကို တစ်ရက်ကြိုစောပြီး တင်ပေးလိုက်ပါတယ်။ နောက်အပတ် သောကြာမှ ပြန်ဆက်တင်ပါ့မယ်။ အားလုံးလည်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြပါ။ နေ့မြင်ညပျောက်တွေ ဖြစ်နေတာမို့ ချစ်ရသူတွေကိုလည်း ဂရုစိုက်ကြပါ။ နားလည်ပေးကြတာ ကျေးဇူးတင်ပါတယ်။

_____

အခန်း (၅) - ဒီလူ တော်တော်ရိုင်းတယ်

မနက်ခင်းတွင် လော့ကျိုးကျိုးသည် တံခါးခေါက်သံကြောင့် အိပ်မောကျနေရာမှ နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ခြင်း အိပ်မှုံစုံမွှားဖြင့် အရင်ကလို ထပ်ခိုးကျဥ်းလေးထဲ၌ ဆေးရောင်များ ကွာကျနေသော်ငြား တောက်ပနေဆဲဖြစ်သည့် အခေါင်းအတွင်း သူ လှဲနေသည့်အလား ထင်မှတ်မှားမိသည်။

အောက်ထပ်မှနေ မိန်းမတစ်ယောက်၏ ကျယ်ကျယ်လောင်လောင် အသံနှင့် အိမ်ရှင်၏ သမီးငယ်နှစ်ယောက် သစ်သားလှေကားအပေါ် ပြေးတက်သော ခြေသံများကို ကြားရမည်။ ကလေးနှစ်ယောက်ကား အခြားလူတွေ မသိအောင် စပိုင်လုပ်တမ်း ကစားရသည်ကို အလွန်ကြိုက်ကြသည်။ တဖက်လူ မြင်သွားတာနှင့် တချိုးတည်း လစ်ပြေး​ြကသည်။ သူ လှေကားဆင်းအလာနှင့် ဆုံတိုင်း ကလေးများသည် စကားတစ်ခွန်းမှ မပြောပဲ ထွက်ပြေးနေကျ ဖြစ်သည်။

လူသားဟူသည့် သတ္တဝါတွေကိုက အထူးအဆန်းတွေ ဖြစ်မည်ထင်သည်။

ရှင်းပြချက်တွေကို နားမထောင်သော လော့ပေနှင့် သူ့ကို ကြည့်ကာ တဝမ်းတနည်း ငိုကြွေးနေတတ်သည့် လင်ဒါတို့မှာ ဥပမာများပင် ဖြစ်၏။ နောက် သကြားလုံးကြိုက်သည့် ချူဖုန်းလည်း ပါသည်။

"သခင်လေး မာစတာနဲ့ မဒမ်တို့က အောက်ထပ်မှာ မနက်စာအတူစားဖို့ ရောက်နေကြပါပြီ" အိမ်တော်ထိန်းလီ၏ တည်ငြိမ်လေးတွဲ့တွဲ့ အသံက လော့ကျိုးကျိုးကို အတွေးရေယာဥ်ကြောထဲမှ လှုပ်နိုးလိုက်သည်။

"ဆင်းလာခဲ့မယ်" လော့ကျိုးကျိုးသည် ခုတင်အောက်မှ ခေါင်းထုတ်ကာ အသံခပ်ကျယ်ကျယ်နှင့် ပြန်ဖြေသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now