( ၂၆ )

17.7K 2.6K 170
                                    

<Unicode>

အခန်း ( ၂၆ )  -  ကျွန်တော်က ဗန်ပိုင်းယား

ဗိုလ်ချုပ်အိမ်တော်ယာမှ လူအားလုံးသည် ဤနှစ်ရက်အတွင်း လော့ကျိုးကျိုးအပေါ် အတော်ကောင်းပြနေကြ၏။ ထည့်ပြောစရာ မလိုအောင် လင်ဒါသည် သူ့ကို အဆက်မပြတ်ပဲ အစားအစာတွေ ဖိကျွေးသည်။ ပြုံးရယ်လေ့ထမရှိသည့် အိမ်တော်ထိန်းလီမှလည်း ခရမ်းချဥ်သီးဖျော်ရည် ယူလာပေးတိုင်း နှုတ်ခမ်းထောင့်များကို ကွေးတင်လျက် တောင့်တောင့်ကြီး ပြုံးပြချေသည်။ လော့ပေသည်တောင် သူ၏ အော်ကျယ်အော်ကျယ်နှင့် အသံအား အဆင့် ရှစ်ထစ်လောက် လျှော့ချကာ နူးညံ့စွာ စကားဆိုလေ၏။ တစ်ခါသာ ချူဖုန်းနှင့် နောက်ဆို ထပ်မတွေ့ရန် မာထန်စွာ သတိပေးခဲ့ပေသည်။

လော့ကျိုးကျိုးကား အားလျော့ကျလျက် တိတ်ဆိတ်နေခဲ့သည်။

လော့ပေ ပြောမလာတောင် သူ ချူဖုန်းနှင့် မတွေ့ချင်။

အနည်းဆုံး ရက်အနည်းငယ်တော့ ထိုသူ့မျက်နှာကို မမြင်ချင်သေး။

သူ့ကိုယ်သူ အခန်းထဲ လှောင်ပိတ်ကာ စိတ်ဓာတ်ကျနေမိသည်။ အိမ်တော်ထိန်းလီက ခရမ်းချဥ်သီးဖျော်ရည် လာပို့သော် တစ်ချက်သာ ကြည့်ပြီး သူ အကြည့်လွှဲလိုက်သည် "ကျေးဇူးပါ ဒါပေမဲ့ ပြန်ယူသွားလိုက်ပါ ကျွန်တော် မသောက်ချင်လို့"

လော့ပေသည် သားဖြစ်သူ၏ ထိုပုံစံကို မြင်ရာ တစ်ခုခုပြောရန် အကြိမ်ကြိမ် ပြင်မိသော်လည်း လင်ဒါက တားသည် "ရဲစခန်းမှာ ဒီလောက် အများကြီးကြုံတွေ့လာရတာ သူ့ကို ခဏတော့ လွှတ်ထားပေးလိုက်ပါရှင်"

ညနေပိုင်းတွင် ချူဖုန်းထံမှ မက်ဆေ့ချ်တစ်စောင် ရောက်လာခဲ့လေသည်။

【 ID54367 】 - ကျိုးကျိုး ပြတင်းပေါက်ကို ထွက်ကြည့်လိုက်

လော့ကျိုးကျိုးသည် ဇဝေဇဝါဖြင့် ပြတင်းပေါက်သို့ သွား၍ မှန်ချပ်ကို မ,ကြည့်လိုက်ရာ ရင်းနှီးပြီးသား SUV ကားလေးအား ဗီလာအပြင်ဘက်ရှိ မောင်းလမ်းတွင် ပါကင်ထိုးထားလျက် မြင်လိုက်ရချေသည်။ ချူဖုန်းသည် ကားကို ကျောမှီ၍ ထရန့်ချ်ကုတ်တစ်ထည် ဝတ်ဆင်ထားကာ ခြေတံရှည်နှစ်ချောင်းကို ယှက်ရပ်လျက် နေခြည်အောက် သူ့အား ပြုံးပြနေခဲ့လေသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now