( ၈၀ )

13.1K 2.1K 130
                                    

< Unicode >

အခန်း ( ၈၀ ) - ကျွန်တော်နဲ့ သူကြီးရဲ့ ပန်းချီပုံ

မက်ဆေ့ချ် ရောက်လာရာ တာမီနယ်မှ တတီတီဖြင့် အသံများ ထွက်လာတော့သည်။ ချူဖုန်း ခလုတ်နှိပ်ကြည့်သော် လက်ထောက်ဗိုလ်ကြီး လင်းယီထံမှ စာဖြစ်ကြောင်းတွေ့လိုက်ရသည်။ လော့ပေအကြောင်း အချက်အလက်များဖြစ်ပုံပင်။ သူ ဖွင့်ကြည့်လိုက်ရာ လေထဲတွင် များပြားသော စာသားများ ပေါ်လာတော့သည်။

"ကျိုးကျိုး မင်းကို အင်ပါယာကျဆုံးတဲ့ အချိန်မှာ မွေးခဲ့တာပဲ။ ကြည့်ရအောင်။ အဲ့အချိန်မှာ မင်းတို့ အိမ်က ဘယ်နားမှာပါလိမ့်"

ချူဖုန်းသည် စခရင်ပေါ် ဟိုနှိပ်ဒီနှိပ်ဖြင့် စာမျက်နှာလှန်၍ အလုပ်များနေကာ လော့ကျိုးကျိုးကမူ ပါစင်ဂျာခုံမှ လှမ်းကြည့်နေ၏။ စာမျက်နှာများလှန်ရင်းမှ ချူဖုန်းသည် သဘောကျစရာတစ်ခုခုကို တွေ့သွားသကဲ့သို့ ရပ်၍ စခရင်ကို စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။

"ဘာလဲ ဘာတွေ့လို့လဲ" လော့ကျိုးကျိုးက ကိုယ်ကို ဘေးတစောင်းလှည့်ကာ ခေါင်းကိုင်း၍ ကြည့်လိုက်သည်။

ချူဖုန်းက စခရင်မျက်နှာပြင်ကို ဘေးဘက်လှည့်ကာ နှစ်ယောက်ကြား ထားလိုက်သည် "ကြည့်ကြည့်"

စခရင်ပေါ်တွင်တော့ ငယ်ရွယ်သေးသော လော့ပေသည် ညစ်ပတ်နေသည့် အသက်လေးငါးနှစ်အရွယ် ကလေးငယ်ကို ချီထားသည်။ နှစ်ဦးသား လမ်းထဲ လျှောက်နေသော ဓာတ်ပုံတွင် နောက်ခံ စပျစ်ခြံနှင့် မလှမ်းမဝေးမှ ပင်လယ်ပြာကြီးကို တွေ့နေရသည်။ ကလေးငယ်သည် တစ်ကိုယ်လုံး ရွှံ့များပေကျံလျက် သန့်ရှင်းသည် ဟူ၍ တစ်နေရာမျှ မရှိ။ ဝိုင်းစက်နေသော မျက်ဝန်းများကသာ ကြည်လင်တောက်နေကြသည်။

လော့ပေသည် လက်တစ်ဖက်ဖြင့် သားငယ်ကို ချီ၍ ကျန်လက်ထဲတွင်မူ ရေခဲမုန့်ကိုင်ကာ ခေါင်းငုံ့လျက် စကားပြောနေချေသည်။ ကလေးငယ်မှာကား အာရုံပျံ့လွင့်နေပုံဖြင့် ဖခင်ဖြစ်သူလက်ထဲမှ ရေခဲမုန့်ကိုသာ ငေးစိုက်ကြည့်နေလေသည်။

ချူဖုန်းက ပြုံးစစဖြင့် လော့ကျိုးကျိုးကို ပြောသည် "ဒီကလေးလေးက ဘယ်သူများပါလိမ့်။ အစားမက်လိုက်တာ..."

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now