( ၅၇ )

12.8K 2.3K 80
                                    

< Unicode >

အခန်း ( ၅၇ ) - မြန်မြန်ပြန်လာခဲ့

ကယ်လ်ဂါကို ကြည့်ရင်း ချူဖုန်းက ဘေးစင်ပေါ်မှ တဘက်တစ်ထည်ကို ယူကာ မျက်နှာသုတ်လိုက်ချေသည် "တောင်းပန်ပါတယ် အရှင်မြတ်။ ကျွန်တော် မျက်နှာသစ်နေတော့ တာမီနယ်ဘေးမှာ မရှိလို့"

ကယ်လ်ဂါသည် အစည်းအဝေးခုံပေါ်တွင် ထိုင်ရင်း မျက်မှောင်ကုတ်သွားသည် "အိပ်ရာထတာ နောက်မကျဘူးလား"

ချူဖုန်းက ဖြေသည် "နားရက် ရထားတော့ ရုပ်ရှင်ကြည့်ရင်း အိပ်ရာဝင်နောက်ကျသွားတာ"

"ပုံမှန်အိပ်ချိန်ဇယားကို ပြောင်းတာက ကျန်းမာရေးအတွက် မကောင်းဘူးနော်။ နောက်ကျပြီးမှ မအိပ်နဲ့ ပိုစောပြီးလည်း မထနဲ့တဲ့" ကယ်လ်ဂါက လေကြောရှည်ချင်ဟန်ဖြင်​့ ဆိုသည်။

"ကျွန်တော် သိပါပြီ။ ပြင်ပါ့မယ်"

"ကောင်းပြီကွာ။ နားလည်တယ်ဆို ပြီးတာပါပဲ" ကယ်လ်ဂါက ခေါင်းညိတ်ကာ စကားဆက်လေသည် "ချူဖုန်း မင်း အထုပ်ပြင်ထားချေ။ နောက်နှစ်နာရီထဲမှာ ကားတစ်စီးက မင့် လာကြိုလိမ့်မယ်။ ပြီးရင် နယ်စပ်ဘက်ကို အထူးလေယာဥ်နဲ့ သွားလိုက်"

"နယ်စပ်ကို?" ချူဖုန်းက မေးသည်။

ကယ်လ်ဂါ သက်ပြင်းချကာ "မနေ့ညက မဟာမိတ်ပေါင်းစုတပ်နဲ့ အိုလင်းမှန်တော်ရာဘုရားကျောင်းတို့ တိုက်ခိုက်မှုတွေ ဖြစ်ကြရင်း စစ်ပွဲထဲ ပြည်သူနှစ်ဦး သေသွားတယ်တဲ့။ အဲ့ဒီတော့ ကိစ္စတွေအကုန်လုံးက မီးခိုးကြွက်လျှောက် ပတ်လောင်ကုန်ရော။ မင်းကိုပဲ သွားဖြေရှင်းခိုင်းရတော့မှာပဲ"

ချူဖုန်း ကြားပြီးနောက် စကားပြန်မဆိုပဲ တဘက်ကိုသာ လက်ထဲ ဖိညှစ်ထားမိသည်။

"ဘာလို့လဲ? သွားမရတဲ့ အကြောင်းအရင်းများ ရှိနေလို့လား" ကယ်လ်ဂါ ရှေ့ကိုင်းငုံ့ကာ ချူဖုန်းမျက်လုံးများထဲ ဆိုင်ကြည့်လျက် မေးလာသည်။

ချူဖုန်းက မျက်မှောင်ကြုံ့ပြီး ဖြေသည် "မဟုတ်ပါဘူး။ ဒီတိုင်း ဘယ်နားက စကိုင်ရမလဲစဥ်းစားနေမိတာ"

ကယ်လ်ဂါက ထိုင်ခုံကို နောက်ကျောမှီရင်း ချူဖုန်းကို လေထဲ လက်ညှိုးနှင့် လှမ်းတို့ကာ "မင်းကလေ။ ကိုယ့်ကိုကိုယ် အားကိုးနိုင်စွမ်းနဲ့ အတွေ့အကြုံတွေ နည်းနေသေးတယ်။ ဝေလ်ဆင်ဆို ဒါမျိုးကိစ္စပေါင်း ရာချီအောင် ကိုင်တွယ်ပြီးပြီ။ နားမလည်တာရှိ သူ့ပဲ မေးလိုက်။ မင်းတို့နှစ်ယောက်က ငါ့ရဲ့ ညာလက်ရုံးတွေကို ခပ်စိမ်းစိမ်းမနေကြစမ်းနဲ့။ ပိုတွဲသွားတွဲလာနေကြ။ အဲ့လိုမှ ပိုရင်းနှီးလာမှာပေါ့ကွ"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now