( ၂၀ )

15.6K 2.6K 85
                                    

<Unicode>

အခန်း ( ၂၀ ) - ငါ တကယ်ပဲ ​ဘာဖြစ်နေတာလဲ

"အိုလင်းမှန်တော်ရာဘုရားကျောင်း အမိန့်နဲ့ ဆည်းဆာမျက်နှာရောဂါ ခံစားနေတဲ့ လူတွေကို လူမနေတဲ့ ကျွန်းတစ်ကျွန်းဆီ သွားပစ်ခဲ့ကြတယ် သူတို့အဆိုအရ ပြောရရင် ဘုရားသခင်ရဲ့ အလိုတော်နဲ့ ဟဲလက်စ်က ချူချာတဲ့ ကျွန်တွေကို ပြန်ခေါ်တာတဲ့ ကျိုးကျိုး ဒါပေမဲ့ တကယ်မှာ သူတို့ လုပ်နေခဲ့တာက လူသတ်နေတာထက် မပိုဘူး" ချူဖုန်းသည် စကားကို အဆုံးသတ်ပြီးနောက် ရှေ့ပြန်လျှောက်သည်။ ရှုးဖိနပ်သည် မြေပြင်ထက် ရှပ်တိုက်သံ ထွက်ကာ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် ထရန့်ချ်ကုတ်အင်္ကျီ၏ ထောင့်စွန်းများမှာ အနည်းငယ် တွန့်တက်နေသည်။

လော့ကျိုးကျိုးသည် ချူဖုန်း၏ ကျောပြင်ကို ကြည့်ကာ အနောက်မှ ကပ်လိုက်ခဲ့သည်။

"အဲ့နောက်မှာ လူတွေ စပြီး ပုန်ကန်လာတော့တာပဲ နှစ်ပေါင်းများစွာ အကြိတ်အနယ်တွေ ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာ အိုလင်းမှန်တော်ရာကျောင်းကို စင်ပေါ်က ဆွဲချနိုင်ခဲ့တယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီးကို ကွပ်မျက်တဲ့နေ့နဲ့ တစ်နေ့တည်းမှာပဲ ဘုရင်မျိုးဆက်ကို ဖြုတ်ချ၊ တိုင်လန်မဟာမိတ်ပေါင်းစုကို ဖွဲ့စည်းပြီး မြင့်မြတ်တဲ့ အရှင်ကယ်လ်ဂါကို သမ္မတအဖြစ် တင်မြောက်လိုက်ခဲ့တယ် အိုလင်းမှန်တော်ရာ ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီးသေသွားပြီးတဲ့နောက် ကျန်တဲ့ ကိုးကွယ်သူတွေလည်း ထွက်ပြေးကုန်ကြတာပဲ အချို့ကိုတော့ ဖမ်းမိပြီး တရားစီရင်ထားတယ် အချို့ကိုတော့ အဲ့ကတည်းက မတွေ့ရတော့ဘူး"

ချူဖုန်းသည် ပြောနေရင်းမှ ရုတ်တရက်ပင် ခြေလှမ်းတန့်ကာ နောက်လှည့်ကြည့်လာလေရာ လော့ကျိုးကျိုးမှာ သူ့ ရင်ခွင်ထဲ တည့်တည့်ဝင်တိုက်တော့မလို ဖြစ်သွားရသည် "ကျိုးကျိုး အိုလင်းမှန်တော်ရာဘုရားကျောင်းရဲ့ အသင်းဝင်တံဆိပ်က ပဥ္စဂံပုံပဲ"

___

ပထမထပ်သို့ ပြန်ရောက်သောအခါ ချူဖုန်းသည် ရဲစခန်းမှ ထွက်ရင်း ပြောသည် "ကိုယ် ဒီည အလုပ်တွေ ရှိသေးလို့ မင်းကို အခု အိမ်ပြန်လိုက်ပို့ပေးမယ်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now