( ၈၃ )

12.8K 2.5K 55
                                    

< Unicode >

အခန်း ( ၈၃ ) - လောကသစ်

"ပါး သားကို အဲ့ဆေးထိုးပေးပြီးတော့ သားက သာမာန်ကလေးတွေလို ငြိမ်းငြိမ်းချမ်းချမ်းကြီးပြင်းလာခဲ့တယ်။ သားက ကျန်းမာလွန်းတော့ ပညာရှိကြီးမှားနေတာလားလို့တောင် တွေးမိလာတဲ့အထိပဲ။ နှစ်နှစ်ဆယ်ထိန်းချုပ်ပေးတာမဟုတ်ပဲ လုံးဝအရှင်းကုပေးနိုင်တာလားပေါ့လေ" လော့ပေက ဤအထိ ပြောပြီးနောက် မတ်မတ်ထထိုင်၍ ကင်မရာကို ကြည့်သည်။

"ကျိုးကျိုး ဒီဆေးက သားတစ်ယောက်တည်းတင် မဟုတ်ဘူး။ ပါးတို့တစ်မိသားစုလုံးကို ကယ်လိုက်ခဲ့ပေမယ့် သား အရွယ်ရောက်လာတော့ ထူးဆန်းတာတွေ ဖြစ်လာတယ်" ဤတွင် သူ ခဏတုံ့ဆိုင်းသွားကာ ဆက်သည် "သား ညဘက်အိပ်ပြီဆို သူကြီးကို ခေါ်တယ်။ နေ့ဘက်ဆို သားရဲ့ အိမ်စာတွေကို ဆွဲဖြဲပစ်တဲ့ ဗန်ပိုင်းယားလေးတွေအကြောင်း ဇာတ်လမ်းတွေ ပြောပြတယ်"

လော့ကျိုးကျိုး ကြားသောအခါ အံ့အားတသင့်ဖြင့် ချူဖုန်းကို လှည့်ကြည့်သည်။

ချူဖုန်းက ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ကာ "ဆက်နားထောင်ကြည့်ကြတာပေါ့"

"ပါးနဲ့ လင်ဒါတို့က သားကို စိတ်ကူးယဥ်ရတာ အရမ်းကြိုက်တဲ့ ကလေးလို့ပဲ မှတ်ယူခဲ့ကြတာ။ ဒါပေမဲ့ သား ဇာတ်လမ်းတွေက ပိုပိုပြီး လက်တွေ့ဆန်လာတယ်။ အပိုင်းဆက်တွေလို ဖြစ်လာတယ်။ သား ကလေးဘဝတုန်းက ပုံဆွဲပန်းချီခြယ်ရတာကို ကြိုက်တော့ အမြဲလို ပုံဆွဲနေကျပေါ့လေ။ အဲ့ဒီလိုနဲ့ သား ခုနှစ်နှစ် ရှစ်နှစ်လောက်ကြာလို့ ပုံဆွဲတော်လာတဲ့ အချိန်မှာ တစ်ခုခုတော့ လွဲနေပြီမှန်း ပါးတို့ သိခဲ့ရတယ်"

...

နေရောင်ခြည်က ထိန်လင်းနေကာ လော့ပေသည် ရှားရှားပါးပါး ယနေ့ကို ပိတ်ရက်ရထားသည်။ သို့ဖြစ်ရာ ပစ္စည်းကိရိယာများယူ၍ အိမ်ခြံစည်းရိုးကို ပြင်နေလေသည်။ ခြံစည်းရိုးအား တစ်ခုခုမှ ကိုက်ဖြတ်သွားကာ ညလယ်ခေါင်ကြီး တိရိစ္ဆာန်တို့သည် ထိုအပေါက်မှ ဝင်လျက် လင်ဒါ စိုက်ပျိုးထားသော ပန်းပင်များကို စားသွားခဲ့သည်။

လော့ပေမှ လွှဖြင့် သစ်သားပြားကို လှီးဖြတ်နေချိန်တွင် အိမ်ထဲမှ ပြေးလွှားသံများ ကြားလိုက်ရသည်။ ထို့နောက်တော့ ဘောင်းဘီတိုလေး ဝတ်ထားသော ကောင်ကလေးသည် လေပွေအလား အိမ်ထဲမှ ပြေးထွက်လာကာ သူ့ဆီ ရောက်လာတော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now