( ၃၄ )

14.8K 2.5K 106
                                    

< Unicode >

အခန်း ( ၃၄ ) - မြတ်နိုးလေးက စာပါးလိုက်တယ်

လော့ကျိုးကျိုးသည် ချူဖုန်း ကားမောင်းထွက်သည်ကို ငေးကြည့်နေပြီးနောက် ရင်ခွင်ထဲ ဝက်ဝံရုပ်လေးပိုက်၍ ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးဖြီးလျက် ဗီလာသို့ ပြန်ဝင်ခဲ့လေသည်။ ရှေ့တံခါးမကြီးကို ဖွင့်ဝင်လာခဲ့လေရာ လော့ပေနှင့် လင်ဒါတို့ နှစ်ဦးကို သူ့ဘက် ကျောပေးလျက် သတင်းကြေညာချက်များ ကြည့်နေကြမှန်း တွေ့လိုက်ရချေသည်။

သို့ဖြစ်ရာ ခြေဖွနင်းလျက် အပေါ်တက်၍ မြတ်နိုးလေးကို အခန်းထဲ သွားထားပြီးခါမှ ပြန်ဆင်းလာဖို့ ကြံလိုက်တော့သည်။ သို့သော် ခြေထောက်များက လှေကားထစ်ပေါ် တင်ခါစရှိသေးသည်၊ လော့ပေအသံက ဟိန်းထွက်လာချေသည် "လော့ကျိုးကျိုး ဒီကို လာခဲ့"

လော့ကျိုးကျိုးသည် ဤသို့ မြန်မြန်လူမိသွားလိမ့်မည်ဟု မထင်ထားမိရာ မြတ်နိုးလေးကို ဆွဲ၍ လော့ပေထံ သွားလိုက်ရတော့သည်။

လော့ပေသည် မျက်လုံးလှန်ပင့်၍ သူ့ကို ကြည့်ကာ မေးချေသည် "ဘယ်တွေ လျှောက်သွားနေတာလဲ"

"လင်းဖန်ကို ရှာနေတာ" မနက်တုန်းက လင်းဖန်ကို သွားရှာမည်ဟု သူ ပြောခဲ့ရာ ယခု လော့ပေက မေးလာသော် ရင်ထဲ ဗုံဆိုင်းတီးသလို ခုန်လာရတော့သည်။

လော့ပေသည် မြတ်နိုးလေးကို ကြည့်ပြီး မေးလာသည် "အဲ့ဝက်ဝံကရော ဘယ်က ရောက်လာတာလဲ"

လော့ကျိုးကျိုးသည် စိတ်ခုန်စွာဖြင့် ဖြေ၏ "အာ့က လူတစ်ယောက်ဆီက"

"ဘယ်သူလဲ"

လော့ကျိုးကျိုးက ခေါင်းအောက်ငုံ့လျက် ပြန်မဖြေ။

လော့ပေမှ ဆက်မေးခွန်းထုတ်ချင်သေးသော်ငြား လင်ဒါက အမြန်ဖြတ်ပြောသည် "သား ထမင်းစားပြီးပြီလား"

"စားပြီးသွားပြီ"

"အာ့ဆို အပေါ်တက်ပြီး သွားရေချိုးတော့" လင်ဒါသည် ပြောရင်း မျက်စိတစ်ဖက်မှိတ်ပြသည်။

လော့ကျိုးကျိုးသည် လော့ပေကို ကြည့်ရာ တစ်ဖက်လူမှ ထပ်မေးချင်ဟန် မတွေ့ရသဖြင့် ခွင့်လွှတ်ခံလိုက်ရသည့်အလား မြတ်နိုးလေးကို ဖက်၍ အပေါ်တက်သွားတော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now