( ၆၆ )

12.6K 2.2K 112
                                    

< Unicode >

အခန်း ( ၆၆ ) - ကိုယ် မင်းကို ထာဝရအမှတ်အသားပေးမယ်

လက်အောက်ငယ်သားအရာရှိနှစ်ဦးသည် အောက်ထပ်မှ အစောင့်လဲနေသော အသံကို ကြားရာ တံခါးအပြင်တွင် စိုးရိမ်စွာ စောင့်နေခဲ့လေသည်။ ချူဖုန်းသည် အမြန်ပြေးထွက်၍ တံခါးပိတ်လိုက်ပြီးနောက် လက်အောက်ငယ်သားနှစ်ယောက်နှင့်အတူ ပြန်လာခဲ့ရာ လှေကားထိပ်ရောက်ရောက်ချင်း ထောင်စောင့်အချို့ အ​ပေါ်တက်လာကြတာကို သွားကြုံသည်။

"ဗိုလ်ချုပ်ချူ" ထောင်စောင့်များသည် တန်းရပ်ကာ အလေးပြုကြလေသည်။

ချူဖုန်း သူတို့ကို ခေါင်းညိတ်ပြကာ အေးအေးလူလူပင် ရုံးခန်းဆီ ပြန်လျှောက်ခဲ့သည်။

ချန်စီဟန်ကား ဝူယွင်ခွမ်းကို စစ်မေးနေတုန်းပင်။

"မဟာမိတ်ပေါင်းစုပြက္ခဒိန် စက်တင်ဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ မင်း ဘယ်ရောက်နေခဲ့လဲ။ အသေးစိတ်ဖြေနော်။ အိမ်သာသွားတာအစ မချန်နဲ့"

ထောင်မှူးထင်းမှာ ကြားဖြတ်ပြောရတော့သည် "ရဲမှူးချန် ၂၁ ရက်နေ့အကြောင်းကို ခင်ဗျားမေးပြီးပြီလေ"

"အော် မေးပြီးတာလား" ချန်စီဟန်က မေးသည်။

"ဟုတ်တယ် အခု နောက်တစ်ကြိမ် ထပ်မေးနေတယ်"

...

"စီဟန် တစ်ခုခုရပြီလား" ချူဖုန်းက တံခါးပေါက်မှနေ ဝင်လာရင် လှမ်းမေးသည်။

"ဗိုလ်ချုပ်ချူ" ထောင်မှူးထင်းက ထရပ်ပြန်သည်။

ချူဖုန်းက ထိုင်နေဖို့ လက်ဟန်ပြကာ "နားထောင်ရတာ ပျင်းလာတာနဲ့ ငါလည်း ကော်ရစ်တာထဲ လမ်းထွက်လျှောက်နေတာ"

ချန်စီဟန်လည်း ထရပ်ကာ ဖြေသည် "ဘာမှ မသိရသေးဘူး"

ထောင်မှူးထင်းမှ သူ၏ အမြင်ကို ထုတ်ပြောပြရန် ဟန်ပြင်လိုက်ချိန်တွင် ချူဖုန်းက ဆိုလာသည် "ဘာမှ မရလည်း မေးမနေနဲ့တော့။ ပြန်ကြမယ်"

"ဟုတ်ကဲ့ ဆရာ"

ထောင်မှူးထင်း၏ ဆွံ့အသွားသော အကြည့်များရှေ့တွင် ချူဖုန်းသည် ချန်စီဟန်နှင့် အရာရှိများကို ခေါ်ကာ လေပွေအလား အောက်ထပ်သို့ ဆင်း၍ ဂိတ်ဝတံခါးသို့ တန်းထွက်သွားတော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now