Thank You!

11.2K 1.3K 105
                                    

( Unicode )

ယာ့ဟာလို မိနစံ။ ၂၀၂၁၊ ၇လပိုင်းမှာ စဘာသာပြန်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါဇာတ်လမ်းလေးဟာ ၈လကြာပြီး ၂၀၂၂၊ ၃ လပိုင်းမှာတော့ အဆုံးသတ်သွားပါပြီ။ အစက ၃ လပိုင်း အစောမှာ အပြီးသတ်မလို့ဆိုပေမယ့် Yoru အလုပ်ရှုပ်လာလို့ နည်းနည်းကြာသွားပါတယ်။

စရေးတုန်းကတော့ ငါ ပြီးအောင် ရေးနိုင်ပါ့မလားလို့ သံသယတွေ ဝင်ခဲ့ရပေမယ့် ပြီးနိုင်ခဲ့ပါတယ်။ အခုပြန်တွေးရင် ငါ ၈၉ ပိုင်းတောင် ဘယ်လို ရေးလိုက်ပါလိမ့်ဆိုပြီး စဥ်းစားမရဘူးရယ်...

ဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်။ Vote ပေးကြ၊ ကွန်မန့်ပေးကြ၊ review ရေးပေးကြတဲ့ လူတွေကိုလည်း အများကြီး ကျေးဇူးပါ။ ဖတ်ပေးတဲ့ လူတွေ မရှိရင် Yoru အပျင်းတစ်နေမိမှာ။

Yoru ချူဖုန်းနဲ့ပတ်သက်ပြီး About Chu Feng ဆိုပြီး အခန်းတင်ခဲ့ဖူးတော့ အခုလော့ကျိုးကျိုးနဲ့ ပတ်သက်ပြီး ပြောမယ်နော်။

ဒီဝတ္ထုကို လော့ကျိုးကျိုးကြောင့် အစောပိုင်းမှာတင် drop သွားတဲ့လူတွေ အများကြီးရှိပါတယ်။ အဓိကတော့ E-tran ဘက်မှာပေါ့လေ။ ချူဖုန်းပြောထားတဲ့ စကားနားမထောင်၊ အန္တာရယ်များတဲ့ နေရာသွားလို့ သွားနဲ့ အူတူတူလေးဆိုတော့ အမြင်ကပ်ကြပါတယ်။ ဒ​ါပေမဲ့ လော့ကျိုးကျိုးက ပြောဖူးပါတယ်။ ကျွန်တော် ကြောက်ရတာကို အသားမကျသေးဘူးဆိုပြီး။ တကယ်လည်း သူက ဗန်ပိုင်းယားလုပ်လာခဲ့တဲ့ သူ။ စွမ်းအားကြီးတယ်။ ဘယ်သူ့မှ ကြောက်စရာမလိုခဲ့ဘူး။ အစွယ်ထုတ်ပြတာနဲ့ လန့်ပြေးသွားကြတဲ့ လူတွေချည်း။ အစောပိုင်းတော့ စကားနားမထောင်လို့ အမြင်ကပ်နိုင်ကြပေမယ့် သူ ဗန်ပိုင်းယားဖြစ်သွားတဲ့အခါမှ အော် ဒီလောက်ထိ strong တော့လည်း ဘယ်ကြောက်တတ်ပါ့မလဲလို့ တွေးမိကြတာမျိုး။

Yoru ဒါကို စဘာသာပြန်တော့ ကျိုးကျိုးရဲ့ အူတူတူလေးတွေကို အမြင်ကပ်ကြတော့မှာပဲလို့ တွေးမိပေမယ့် ချစ်စရာလေးလို့ ချစ်မွှေးလေးလို့ အတော်များများက အကောင်းမြင်စိတ်နဲ့ တွေးပေးကြတယ်။ အဲ့အတွက် ကျေးဇူးတင်ပါတယ်။

Yoru တို့ အော်သာပြောသလို ချူဖုန်းနဲ့ ကျိုးကျိုးတို့ကို သူတို့ဘဝနဲ့သူတို့ ထားခဲ့ပြီး နှုတ်ဆက်ကြတာပေါ့။ Yoru နောင်တအရဆုံးပြောရရင် ချူဖုန်းနဲ့ ကျိုးကျိုးတို့ရဲ့ ပေါက်စလေးကို မတွေ့ရတာပါပဲ။

🎉 You've finished reading ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗 🎉
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now