( ၃၉ )

14.2K 2.5K 78
                                    

< Unicode >

အခန်း ( ၃၉ ) - ခင်ဗျားမဟုတ်လို့ ကျွန်တော် ဝမ်းသာတယ်

လော့ကျိုးကျိုး သကြားလုံးကို အိတ်ကပ်ထဲ ထည့်ပြီးချိန်တွင် ချူဖုန်းက ခေါ်လာသည် "ကျိုးကျိုး"

သို့ဖြစ်ရာ ချက်ချင်းပင် ခေါင်းမော့ကြည့်ကာ ရွှင်မြူးစွာဖြင့် 'ဟင်' ဟု ထူးလိုက်လေသည်။

ချူဖုန်း မျက်နှာမှာ သိပ်မကောင်းလှ။ ထုတ်ပြောရလည်း ခက်သလို စိတ်လည်း ဆိုးနေပုံ ရသည်။ သို့သော် လော့ကျိုးကျိုးအား အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဘာမှ မပြောပဲ သက်ပြင်းချလျက် မျက်နှာပြန်ပြေကျသွားတော့ချေသည်။

"ဘာလို့လဲ ကျွန်တော်...ကျွန်တော် မှားမှန်း သိပါတယ်" လော့ကျိုးကျိုးက သကြားလုံးထည့်ထားသော အိတ်ကပ်ကို လက်ဖြင့် အမြန်ကာသည်။

ချူဖုန်းသည် သူ့ခေါင်းကို ပွတ်ကာ ခပ်ဖွဖွပြောသည် "ဒီနေ့ မင်းလုပ်တာ ကောင်းတယ် အဲ့တော့ ဆုနဲ့ ထိုက်တန်ပါတယ်"

"ဟုတ်တယ်မလား?" လော့ကျိုးကျိုးက နှုတ်ခမ်းကို စုထားမိသည်။

"လုံးလုံးလျားလျား ရှေ့နောက်မဆင်ခြင်တာမျိုးမဟုတ်ပဲ အခြေအနေကို သုံးသပ်တတ်လာပြီဆိုတော့ တိုးတက်လာတာပဲပေါ့" ချူဖုန်းက ဆိုသည်။

လော့ကျိုးကျိုးသည် ချူဖုန်းမျက်နှာအား ဆန်းစစ်ကြည့်ပြီးနောက် ထပြောသည် "ကျွန်တော် လူတွေကို ကြောက်နေကျမဟုတ်လို့ပါ အနောက်က အလိုက်ခံရတုန်းကတော့ ကြောက်စိတ်ပေါ်မိတယ် စိတ်မပူနဲ့ ကျွန်တော် နောက်ကျရင် လူသားတွေကို ကြောက်ဖို့ နေသားကျသွားမှာပါ"

ချူဖုန်းက မေးသည် "မင်းက ဗန်ပိုင်းယားတစ်ပိုင်း ဖြစ်နေတာကြောင့်လား"

လော့ကျိုးကျိုးက စဥ်းစားကြည့်လိုက်ကာ ဖြေလေသည် "အင်း ဒါပေမဲ့ အလိုက်ခံရတဲ့ အချိန်မှာ ကျွန်တော် အခု အိုမီဂါလည်း ဖြစ်နေပြီဆိုတာ သတိရမိတယ်"

ချူဖုန်းသည် လော့ကျိုးကျိုးလက်ကို ဆွဲကိုင်၍ လှေကားပေါ် တက်လာရင်း နွေးထွေးစွာ ပြောသည် "အန္တာရယ်ကြုံရပြီဆိုရင် ဗန်ပိုင်းယားရော အိုမီဂါပါ ဖြစ်ရမယ်နော် နားလည်လား"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now