( ၅၁ )

13.2K 2.2K 100
                                    

< Unicode >

အခန်း ( ၅၁ ) - ချူဖုန်းကို လက်မလွှတ်နိုင်ဘူး

SUV ကားလေးသည် ဆင်ခြေဖုံး ဟိုင်းဝေးလမ်းမထက် အရှိန်ဖြင့် မောင်းနှင်လာကာ အနောက်တွင်မူ ကားအချို့က အရိပ်အလား ကပ်ပါလာကြသည်။

"အဲ့လူတွေက ဘယ်သူတွေလဲ" လော့ကျိုးကျိုးသည် ကားနောက်မှန်မှနေ နောက်ဘက်ကို လှည့်ကြည့်ရင်း မေးသည်။

ချူဖုန်းက ရှေ့တည့်တည့်စိုက်ကြည့်ရင်း ဖြေသည် "ကိုယ်လည်း သေချာမသိဘူး ဒါပေမဲ့ ကြည့်ရတာ ကိုယ်တို့ လာတဲ့ နေရာမှန်သွားပုံပဲ ဒီလူက ကိုယ် ရှာနေတဲ့ လူဖြစ်ရမယ် နောက်ပြီး သူ တစ်ခုခု သိထားလိမ့်မယ် အခုရက်ပိုင်း ကိုယ် တံဆိပ်အကြောင်းကို လိုက်မေးနေတာ သူတို့ သိတော့ အကြောင်းသိထားတဲ့ ဒီလူကို လက်စဖျောက်ဖို့ကြံရင်းက ကိုယ်နဲ့ သွားတိုးတာနေမှာ"

ချူဖုန်းက ပြောပြီးသော် ညာလက်မြှောက်၍ လက်မ ထောင်ပြကာ ချီးကျူးသည် "ကျိုးကျိုး ဒီနေ့ မင်းကို ကိုယ် တကယ်အထင်ကြီးသွားတယ်"

"အရမ်းအကောင်းကြီးမဟုတ်ပါဘူး သာမာန်ကာလျှံကာလောက်ပါပဲ" လော့ကျိုးကျိုးသည် နောက်တွင် ပါလာသော ကားကို လှည့်ကြည့်ရင်းမှနေ ဆိုသည် "ကျွန်တော် သေနတ်ချိန်တာ မကောင်းသေးဘူး"

"ဘယ်တုန်းက သေနတ်ပစ်နည်းကို သင်ထားတာလဲ တကယ်တမ်း ချိန်ပစ်ရတော့ မကြောက်မိဘူးလား" ချူဖုန်းသည် နောက်ကြည့်မှန်ထဲ ကြည့်ကာ လီဗာကို ပိုဖိနင်းလိုက်သည်။

လော့ကျိုးကျိုးက ချူဖုန်းကို ကြည့်ကာ "မကြောက်ပါဘူး လူတွေကို ပစ်ရတာ ဘာကြောက်စရာ ရှိလို့လဲ ထပ်တောင် ပစ်ရဲသေး ဒါပေမဲ့ ကျွန်တော် သေနတ်ပစ်နည်း တကယ်မသင်ထားတာ ဒီတိုင်း ချိန်ပြီး ပစ်ရတာပဲလေ ရှင်းရှင်းလေး"

ချူဖုန်းက ဆိုသည် "စိတ်တည်ငြိမ်ပြီး သတ္တိပါရှိရင်ကတော့ ရိုးရှင်းတာပေါ့ လူတွေကို ချိန်ပြီး ခလုတ်ဆွဲရုံပဲကိုး ကိုယ် နောက်တော့မှ ကျန်တဲ့ အပိုင်းတွေ သင်ပေးမယ်"

"အိုခေ သူတို့ ခု အနောက်ကနေ ပါလာတာတောင် ကျွန်တော် မကြောက်မိဘူး" လော့ကျိုးကျိုးက ချူဖုန်းကို စိုက်ကြည့်လျက် ပြော၏။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now