( ၇၉ )

12.7K 2.1K 204
                                    

< Unicode >

အခန်း ( ၇၉ ) - သူမတူသော ကလေးငယ်

ဘေးရာ့ဒ်ရှိ အကြီးဆုံးမိဘမဲ့ဂေဟာများထဲမှ တစ်ခုတွင် ယနေ့တော့ ဘောလုံးများဖြင့် အလှဆင်ထားကာ ကလေးများစွာလည်း မြက်ခင်းပေါ် ပြေးလွှားဆော့ကစားနေကြ၏။ အကုန်လုံးပျော်နေကြရသည့်အကြောင်းမှာကား မဟာမိတ်ပေါင်းစု၏ ကျော်ကြားသော သမ္မတတဖြစ်လဲ အရှင်ကယ်လ်ဂါရောက်ရှိလာကာ အရုပ်များ မုန့်ပဲသရေစာများ ယူလာ၍ပင်။

ကယ်လ်ဂါသည် ရင်ထဲ ကလေးမလေးတစ်ယောက်ကို ထည့်ဖက်၍ ကျောင်းအုပ်ကြီး၏ ရှင်းပြချက်တို့ကို ခပ်ပြုံးပြုံး နားထောင်နေကာ ဓာတ်ပုံဆရာအချို့ကလည်း ကင်မရာကို ထိုမြင်ကွင်းဘက်သို့ ချိန်ရင်းမှ အလုပ်များနေကြချေသည်။ ဝေလ်ဆင်ကမူ နောက်ဘက်မလှမ်းမကမ်းတွင် ရပ်ရင်း ရှုတည်တည်ကြည့်နေပေသည်။

ထိုအချိန်တွင် တာမီနယ်မှ အသံမြည်လာရာ ဝေလ်ဆင်က ဘေးသို့ ထွက်သွားပြီး ဖုန်းဖြေလိုက်သည်။ စကားပြန်မဆိုပဲ အတန်ကြာနားထောင်နေပြီးနောက် ကယ်လ်ဂါထံ သွားလျက် နားနားကပ်၍ တီးတိုးပြောလိုက်လေသည်။ ကျောင်းအုပ်ကြီးက ဘောလုံးနှင့် ကစားနေကြသော ကလေးအချို့အား လှမ်းခေါ်၍ ကယ်လ်ဂါကို လာတွေ့ခိုင်းသည်။ ကလေးငယ်များ ရောက်လာချိန်မှာပင် ကယ်လ်ဂါမျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားကာ အခန်းထဲ၌ တိမ်မည်းတွေ ဖုံးသွားကြောင်း တွေ့လိုက်ရတော့သည်။

"ဆရာကြီး..." ကလေးများအားလုံး ကြောက်လန့်ကာ ကျောင်းအုပ်ကြီးနောက်တွင် ဝင်ပုန်းမိကြသည်။

ကျောင်းအုပ်ကြီးသည် ကယ်လ်ဂါ၏ မျက်နှာထားကို မြင်သော် ကလေးများကို ခေါ်ကာ နံဘေးတွင် သွားရပ်နေလိုက်၏။ ကင်မရာသမားများမှလည်း ဓာတ်ပုံဆက်မရိုက်ကြတော့။

ဝေလ်ဆင်က တရိုတသေဖြင့် ခေါင်းကိုင်းငုံ့ကာ တီးတိုးဆိုသည် "အရှင်မြတ် ထောင်ကနေ အစီရင်ခံစာဝင်လာတယ်။ လော့ပေက သူ့သားကို တွေ့ခွင့်ရရင် သူ့လက်ထဲက ပစ္စည်းထုတ်ပေးမယ်တဲ့"

ကယ်လ်ဂါသည် နံဘေးရှိ သစ်ပင်ပေါ်မှ ဘောလုံးတို့ကို ကြည့်ကာ နှစ်စက္ကန့်မျှစဉ်းစားနေပြီးနောက် ပြောလာသည် "ဒါဆိုလည်း တွေ့ခိုင်းလိုက်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now