( ၆ )

18.9K 2.8K 133
                                    

<Unicode>

အခန်း ( ၆ )  -  အလုပ်ရှာထွက်ခြင်း

"ဟုတ်သား မက်သူ့စ်လာကိုး" ချူဖုန်းသည် ဒေါသကြောင့် နီစွေးနေသော လော့ကျိုးကျိုး၏ မျက်နှာကိုကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်သည်။

'သူက မေ့တောင်နေပြီဟာ ငါက ဘာလို့ သွားပြန်ပြောပြနေရတာလဲ' အခုမှ အသိပြန်ဝင်လာသော လော့ကျိုးကျိုးမှာကား ပြောစရာစကား ဆွံ့အသွားရသည်။

---အခုတော့ ချူဖုန်းတစ်ယောက် ထပ်မံ၍ မေ့စရာအကြောင်း မရှိတော့။

လော့ကျိုးကျိုး၏ အမျိုးမျိုးအဖုံဖုံအရောင်စုံပြောင်းလဲနေသော မျက်နှာသွင်ပြင်အား ချူဖုန်းသည် လက်ပိုက်ကာ စိတ်ဝင်တစားစိုက်ကြည့်သည်။

"ကျိုးကျိုး" လော့ပေသည် အခန်းတံခါးဖွင့်၍ အထဲသို့ ဝင်လျှောက်လာရင်းမှ ခေါ်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ထိုင်နေသော ချူဖုန်းကို မြင်သောအခါ ခြေလှမ်းများတန့်ကာ မျက်နှာပျက်ကျသွား၏။

"ဗိုလ်ချုပ်လော့" ချူဖုန်းသည် ဆိုဖာခုံမှ ထရပ်ကာ ပြုံးလျက် လော့ပေထံ ညာလက် ဆန့်ထုတ်ပေးလာသည်။

လော့ပေကမူ ထို ဆန့်ထုတ်ထားသည့် လက်ကို မမြင်သည့်အလား ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်ကာ နံဘေးရှိ စစ်သားလေးကို ကမ်းပေးရင်း ပြောသည် "ဗိုလ်ချုပ်ချူဖုန်းရောက်နေတာကိုး ဘာများ ကူညီပေးရမလဲ"

ချူဖုန်းမှ လက်ကို ပြန်ရုပ်သိမ်းရသွားသည်ကို ကြည့်ကာ လော့ကျိုးကျိုးက ပြုံးသည်။ ထို့နောက် ချူဖုန်းက ဆိုသည် "ဗိုလ်ချုပ်လော့ကတော့ လုပ်ပြီ ကျွန်တော် ဘာကိစ္စအတွက် ရောက်နေမှန်း သိရဲ့သားနဲ့ မေးခွန်းထုတ်နေပြန်ပါပြီ"

"ကျွန်တော့်အနေနဲ့ တောင်းပန်စကားပဲ ဆိုရတော့မှာပဲဗျာ အဲ့ဒီကိစ္စက ကျွန်တော်နဲ့ မဆိုင်ဘူးဗျ ဗိုလ်ချုပ်တော့ လူမှားနေပြီ" လော့ပေက ချူဖုန်းကိုတောင် မကြည့်။ လော့ကျိုးကျိုးဘက် လှည့်ကာ "ကျိုးကျိုး သွားကြမယ်"

လော့ကျိုးကျိုးသည် ခပ်သွက်သွက်ပင် ထရပ်ကာ ချူဖုန်းအား ဖြတ်သွားရင်း မော့ကြည့်လိုက်သည်။ အကြင်လူ၏ ခန့်ညားသော မျက်နှာထက်တွင် အပြုံးတစ်ခု တွဲခိုနေသေးသော်ငြား မျက်လုံးများကမူ ရေခဲတမျှ အေးစက်နေ၏။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now