( ၄၀ )

14.1K 2.3K 114
                                    

< Unicode >

အခန်း ( ၄၀ ) - တံဆိပ်သုံးခု

လော့ကျိုးကျိုးသည် ချူဖုန်း၏ အကြည့်များအောက်တွင် နှေးဖင့်သော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လျှောက်ခဲ့လေသည်။ အိမ်တံခါးမကြီးမှ ဝင်လာလာချင်းပင် ရက်ပေါင်းများစွာမတွေ့ရသော လော့ပေအား ဧည့်ခန်းတွင် ထိုင်နေတာ မြင်လိုက်ရသည်။

"ဘယ်တွေကို လျှောက်သွားနေပြန်ပြီလဲ အချိန်ကို ကြည့်စမ်း ညရှစ်နာရီထိုးနေပြီ" လော့ပေသည် ဆိုဖာပေါ်တွင် ထိုင်ကာ ထောင့်မှ မဟော်ဂနီရောင်နာရီကို ကြည့်ရင်း ဆိုချေသည် "ငါ အိမ်မှာ မရှိတာနဲ့ စည်းကမ်းပျက်လာတော့တာပဲ"

လော့ကျိုးကျိုးသည် အသံမပြုပဲ တိတ်တိတ်လေး ငြိမ်နေမိလေသည်။

လော့ပေသည် သူ့ထံ အကြည့်ရောက်လာပြီးနောက် မေးကြည့်သည် "လက်ထဲက ဘာတုန်း ရှုးဖိနပ်တွေထပ်ဝယ်လာပြန်ပြီလား"

"မဟုတ်ပါဘူး ကျီးကိုကြီး နဲ့ ကျီးညီလေး ပါ" လော့ကျိုးကျိုးက ရှင်းပြသည်။

လော့ပေသည် ကြောင်သွားရကာ "ဘာကျီးလဲ?"

လော့ကျိုးကျိုးက ပြောသည် "ကျီးကိုကြီး နဲ့ ကျီးညီလေးလို့ ခေါ်တဲ့ လိပ်လေးနှစ်ကောင်ပါ"

လော့ပေသည် ပါးစပ်ဟလိုက်သော်ငြား နောက်ဆုံးတွင် မျိုသိပ်ကာ စိတ်မဝင်စားတော့ဟန်ဖြင့် လက်ယမ်းပြလေသည်။

လော့ကျိုးကျိုးသည် ၎င်းက သူ့ကို သွားခွင့်ပြုလိုက်ခြင်းဟု ထင်မိသော်လည်း လော့ပေက ပြောလာသည် "မနက်ဖန်ညကျရင် ဂုဏ်ပြုစားပွဲတစ်ခု ရှိတယ် တစ်မိသားစုလုံး သွားရမယ် ပြင်စရာရှိတာတွေ ပြင်ထား"

"ပါတီပွဲလား ကျွန်တော် လိုက်ရမှာလား" လော့ကျိုးကျိုးက မေးသည်။

"သမ္မတ အရှင်ကယ်လ်ဂါကိုယ်တိုင် မြို့ပြင်ဘက်က စီတာအိမ်တော်မှာ ကျင်းပပေးမယ့် ပါတီပဲ သား" လင်ဒါသည် အပေါ်ထပ်က ဆင်းလာရင်း ဆိုသည် "မားတို့ မိသားစုတစ်ခုလုံးကို ဖိတ်ထားတယ်"

ထို့နောက် လော့ကျိုးကျိုးအနား လျှောက်လာကာ ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး ပျော်ရွှင်စွာ မှတ်ချက်ပေးလေသည် "မနက်ဖြန် အဲ့ပွဲကို အခြားလူကြီးတွေရဲ့ သားတွေ သမီးတွေလည်း တက်ကြမှာ ဒါပေမယ့် မားရဲ့ ကျိုးကျိုးလေးက အချောဆုံးနေမှာပဲ"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now