( ၆၄ )

13.5K 2.3K 183
                                    

< Unicode >

အခန်း ( ၆၄ ) - ကိစ္စအရင်းခံ

ချူဖုန်း၏ လက်အောက်တွင် လော့ကျိုးကျိုး မျက်တောင်တို​့ တုန်ခါနေလေသည်။ ချူဖုန်းသည် အလွန်ညင်သာစွာ ဆိုသည် "မင်း အခုတင် ဟိ့ဒ်ပြီးသွားတာလေ။ ခန္ဓာကိုယ်က နေပြန်ကောင်းသေးတာမဟုတ်ဘူး။ အဲ့တော့ အယ်လ်ဖာဖယ်ရိုမုန်းတွေဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး။ နောက်မှပေါ့"

"အရမ်းကြပ်တယ် ထင်လို့ဆိုရင် ကျွန်တော် ခုတင်အောက်မှာ ဝင်အိပ်လို့ ရတယ်လေ" လော့ကျိုးကျိုး ပြောသည် "ကျွန်တော့်ကို စိတ်ပူစရာမလိုပါဘူး"

ချူဖုန်းက ရယ်သည် "ကိုယ် မင်းကို စိတ်မပူပါဘူး။ ကိုယ့်ကိုကိုယ်ပဲ စိတ်ပူတာ။ ကဲ အိပ်တော့"

နူးညံ့သော အနမ်းမိုးတို့ မျက်နှာထက် သွန်းဖြိုးလာသော် လော့ကျိုးကျိုး တိတ်ကျသွားတော့ချေသည်။ ချူဖုန်းမှ အိပ်ရာစွန်းတွင် ထိုင်ပေးနေရာ မကြာမီမှာပင် သူ အိပ်ပျော်သွားရသည်။ ချူဖုန်းသည် လူငယ်လေး၏ အိပ်မောကျနေသာ မျက်နှာကို ေငးကြည့်ခဲ့ပြီးနောက် မီးမှိတ်လျက် ခပ်ဖွဖွပြန်ထွက်ခဲ့သည်။

ယနေ့ကား လှပသော နေ့လေးတစ်နေ့ ဖြစ်လျက် ပုန်းကွယ်နေသော နေမင်းကြီးသည် အတန်ကြာမှ ပြန်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

လော့ကျိုးကျိုး ကျီးကိုကြီး၊ ကျီးညီလေးတို့နှင့်အတူ ခေါင်မိုးထပ်သို့ တက်၍ မှန်အိမ်ထဲမှ ကော်ဇောပေါ် လှဲကာ နေပူစာလှုံနေခဲ့သည်။ အိပ်ပျော်သွားခါနီး၌ ချီဖန်းခေါ်သံကို ကြားလိုက်ရသည် "ကျိုးကျိုး"

လော့ကျိုးကျိုး လန့်ဖြန့်နိုးသွားကာ ထထိုင်လိုက်လေသည်။

ပြီးနောက် အသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ ပြောလိုက်သည် "ကျွန်တော် မအိပ်ပျော်ပါဘူး။ မိုက်ခရိုစကုပ်ကြည့်တာ များသွားလို့ မျက်လုံး ခဏအနားပေးထားတာ"

ပြီးမှ ဓာတ်ခွဲခန်းထဲတွင် မဟုတ်ပဲ ခေါင်းမိုးထပ်မှ ကော်ဇောပေါ်တွင် ထိုင်နေခြင်း ဖြစ်ရာ တစ်ခုခုလွဲနေပြီမှန်း သတိထားမိဖို့ သူ နှစ်စက္ကန့်မျှ အချိန်ယူလိုက်ရသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now