( ၁၀ )

16.1K 2.5K 229
                                    

<Unicode>

အခန်း ( ၁၀ )  -  လော့ကျိုးကျိုး ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ

စားပွဲထိုးနှစ်ယောက်က ဟင်းပွဲများ လာပို့သောအခါ လော့ကျိုးကျိုးသည် လက်သုတ်ပဝါကို ရင်ဘတ်နား ထိုးထည့်လျက် အစာစားမှုအပေါ် အာရုံစိုက်လိုက်သည်။

သူ့နောက်စားပွဲမှ လူများကလည်း စကားပြောရပ်ကာ စားသောက်ခြင်းအမှု ပြုနေကြဟန်တူသည်။

"ဒီဆိုင်ရဲ့ စားဖိုမှူးက အရမ်းနာမည်ကြီးတာ မြည်းကြည့်ကြည့်" ချန်းဝမ်ကျိုးကား စိတ်ပြန်တည်ငြိမ်သွားပြီဖြစ်သည်။ အစားသာ အရင်လက်စသတ်ဖို့ သူ ဆုံးဖြတ်လိုက်တော့လေသည်။ ပြောရလျှင် လော့ကျိုးကျိုးသည် ဗိုလ်ချုပ်လော့၏ သားဖြစ်သည်။ နောက်ဆက်တွေ့ဖို့ အစီအစဥ်မရှိတောင် တဖက်လူအား ဒီတိုင်း ပစ်ထားခဲ့လို့ မရပါပေ။ လော့ကျိုးကျိုးကို စတွေ့တွေ့ချင်းကတော့ သူ ဝမ်းမြောက်သွားခဲ့ရသော်ငြား အခုတော့ စိတ်မဝင်စားမိတော့။

နှစ်ဦးသားသည် တိတ်ဆိတ်စွာပင် အစာသုံးဆောင်ကြကာ ခရင်းနှင့် ဓားတို့ ရံဖန်ရံခါမှ ပန်းကန်ပြားနှင့် ထိတိုက်သံတို့သာ ကြီးစိုးထားသည်။

ချန်းဝမ်ကျိုးသည် မတော်တဆ မျက်လုံးပင့်ကြည့်လိုက်မိရာ လော့ကျိုးကျိုး၏ အောက်ငုံ့ချထားသော မျက်တောင်ရှည်များ၊ အနီရောင်တောက်သော နှုတ်ခမ်းများ၊ အစာဝါးနေသဖြင့် ဖောင်းဝိုင်းနေသည့် ပါးပြင်တို့ကို တွေ့ကာ သေဆုံးသွားခဲ့သော ရင်ခုန်သံမှာ နောက်တဖန် ရှင်သန်လာရတော့သည်။

သူ တွေဝေစွာ တွေးမိသည် 'စကားစပြီး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းတွေ သိအောင် ကြိုးစားကြည့်ရင် ေကာင်းမလား'

သူ့ ပါးစပ်ကိုဖွင့်ဟဖို့ လုပ်လိုက်ချိန်မှာပင် ဂုတ်ကျောတွင် အေးစက်စက်ဖြစ်သွားကာ သူ့အသားကို လေမှ ထိတိုက်သွားသည့် ခံစားချက်မျိုး ရလိုက်သည်။

ချန်းဝမ်ကျိုး ရင်ထဲ ဒိတ် ခနဲ ဖြစ်သွားသည် 'သေစမ်း ငါ့ ဂလင်းပက်ချ်ကွာနေပြီ'

သူ ချက်ချင်းထရပ်ကာ ဟိုသည်ကြည့်၍ ဂလင်းပက်ချ်အသစ်တစ်ခု လာပို့ခိုင်းရန် ဝိတ်တာကို ရှာတော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now