( ၉ )

15.6K 2.5K 175
                                    

<Unicode>

အခန်း ( ၉ )  -  Blind Date

ဤအယ်လ်ဖာသည်ကား အရေးပေါ်အခြေအနေများတွင် သူ့ကို ကာကွယ်စောင့်ရှောက်ပေးရုံတင်သာမက အလေရှာခရိုင်ကျယ်ကြီးထဲမှ ချန်စီဟန်လိပ်စာကို ရှာဖွေပေးရမည့် သူ၏ ကိုယ်ရံတော်အခြွေအပါးဖြစ်လာမည့်လူပါပေ။

အယ်လ်ဖာနှင့် အိုမီဂါသည် ဆန္ဒမပါပဲ ဟိ့ဒ်အတွက်ကြောင့်နှင့် ရွှေဂဟေမဆက်သင့်​ေပဟု ခံယူထားသူ လော့ကျိုးကျိုးထံမှ အတိုက်အခံလုပ်လာတော့မည်ဟု လင်ဒါ တွက်ဆထားခဲ့သည်။ ခုနလေးကတင် လော့ပေနှင့် သူမတို့နှစ်ယောက်မှာ သားတော်မောင်ကို ဖိအားပေးတွန်းတိုက်ကာ Blind Date ဆီ သွားခိုင်းသင့်မသင့် အကြိတ်အနယ်ဆွေးနွေးနေခဲ့ကြသေးသည်။ သို့သော် ဘာဆိုဘာမျှမတွန်းမတိုက်လိုက်ရပါပဲ လော့ကျိုးကျိုးက ကြည်ဖြူစွာ လက်ခံလာခဲ့သည်။

"ဒါဆိုလည်း မနက်ဖြန်တွေ့ဖို့ ချိန်းလိုက်မယ်လေ ကျိုးကျိုးရော ဘယ်လိုထင်လဲ" လင်ဒါက စိတ်လှုပ်ရှားမှုကို မျိုချကာ အရမ်းပျော်နေသည့်ပုံမပေါက်အောင် ဟန်လုပ်သည်။

လော့ကျိုးကျိုးသည် စဥ်းစားကြည့်ပြီးနောက် ဆိုသည် "အဆင်ပြေပါတယ်"

"မားရဲ့ သားလေးတောင် ဒီအရွယ်ရောက်လာပြီပဲ" လင်ဒါ၏ မျက်ရည်များမှာ ဖွင့်ရင်ကျ ပိတ်ရင်ရပ်သည့် ဘုံဘိုင်ခေါင်းအလားပါပေ။

လော့ကျိုးကျိုးမှာ ဘာလုပ်ပေးရမှန်း မသိရာကား တစ်ရှုးဘူးသာ ဆွဲယူကမ်းပေးလိုက်တော့သည်။

ညအိပ်ရာဝင်ချိန်တွင်မူ သူ ရေမိုးချိုးပြီးကာစသာ ရှိသေးသည်၊ အဖြူရောင် လက်ပတ်နာရီတစ်ခုကို ကိုင်လျက် လော့ပေဝင်လာလေသည်။

"ရော့ ဒီမှာ သားရဲ့တာမီနယ် ဒီတစ်ခါ ထပ်ပြေးဖို့ မကြံနဲ့တော့" လော့ပေသည် လက်ပတ်နာရီအား စားပွဲခုံပေါ် တင်ထားလိုက်သည်။ ခဏတွေဝေနေပြီးသော် ပြောလာသည် "သားနဲ့တွေ့မယ့် အယ်လ်ဖာရဲ့နာမည်က ချန်းဝမ်ကျိုးတဲ့ ထူးထူးချွန်ချွန်နဲ့ အနာဂတ်မှာ တောက်ပြောင်မဲ့ ကာနယ်လ်တစ်ယောက်ပဲ ပြီးတော့ အဖေ့မျက်နှာလည်း ရှိနေတော့ သားအပေါ် မဟုတ်မမှန်တာ လုပ်မှာမဟုတ်ဘူး"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Tahanan ng mga kuwento. Tumuklas ngayon