( ၁၇ )

14.8K 2.5K 119
                                    

<Unicode>

အခန်း ( ၁၇ ) -  ကိုယ့်အပေါ် အကြွေးတင်သွားပြီ

နာရီဝက်မျှ ကြာသောအခါ စစ်ဘက်သုံး အနက်ရောင် SUV ကားတစ်စီးသည် အလေရှာရဲစခန်းသို့ ဆိုက်လာကာ မီးအလင်းထိန်သော ထောင့်ကွက်တစ်နေရာတွင် ပါကင်ထိုးလိုက်လေသည်။ လော့ကျိုးကျိုးသည်ကား ပြတင်းပေါက်နားမှ ခုံတန်းရှည်တွင် ထိုင်ရင်း အသက်မပါသော မျက်လုံးများဖြင့် အပြင်ဘက်ေငးကြည့်နေသည်မှာ အချိန်အတော်ကြာလေပြီ။

SUV ကားလေး ရောက်ရှိလာသောအခါ ဆတ်ခနဲပင် ထရပ်သည်။

"ထိုင်နေ" ဖောင်ဖြည့်နေသော စုံထောက်တစ်ဦးက မျက်လုံးပင့်မကြည့်ပဲ အေးစက်စွာ ဆူလိုက်သည်။

လော့ကျိုးကျိုးသည် ပြန်ထိုင်လိုက်သော်ငြား အကြည့်တို့ကတော့ ကားထံတွင်သာ။

"ကျိုးကျိုး အဲ့ဒါက ငါတို့ကို လာထုတ်ပေးမယ့် လူလား" လင်းဖန်က သူ၏ တုံ့ပြန်မှုကို ကြည့်ကာ မေးလာသည်။

လော့ကျိုးကျိုးသည် ခေါင်းညိတ်ပြကာ "အင်း"

လင်းဖန်သည်လည်း သူ၏ အဖြေစကားကို ကြား​ေလရာ ပြတင်းပေါက်နားသို့ ထခုန်ချလာကာ နှစ်ဦးသား အပူးလိုက် အပြင်ဘက်သို့ ငေးမျှော်ကြည့်ကြတော့သည်။ ကားတံခါး ပွင့်လာပြီးနောက် ခြေတံရှည်တစ်ချောင်းက မြေပြင်ထက်သို့ ချလာ​ေလသည်။ ခြေတွင် ဝတ်ဆင်ထားသော အရည်အသွေးမြင့် အနက်ရောင် လည်သာရှုးဖိနပ်တစ်ရံသည် လမ်းမီးရောင်အောက်တွင် ဖုန်မှုန်စတစ်စတောင် စွန်းထင်းမနေခဲ့။ ထို့နောက်တွင် လူတစ်ကိုယ်လုံး ကားပေါ်မှ ဆင်းလာကာ လော့ကျိုးကျိုး၏ မြင်ကွင်းထဲသို့ ဝင်လာတော့သည်။

ထိုလူသည် သူ၏ အရပ်ရှည်ရှည်ခပ်ဖြောင့်ဖြောင့်ရှိသော ကိုယ်နေကိုယ်ထားနှင့် လိုက်ဖက်ညီစွာ ဆင်စွယ်ရောင် ထရန့်ချ်ကုတ်တစ်ထည်အား အပေါ်က ထပ်ဝတ်ဆင်ထား၏။ အောက်ဖက်မှ အနက်ရောင်ရှပ်အင်္ကျီ၏ အပေါ်ဆုံး ကြယ်သီးတစ်ပွင့်ကို ဖြုတ်ထားပုံကမူ သဘာဝဆန်ဆန်ပင် ညှပ်ရိုးများကို လှစ်ဟလျက် ပြသနေသည်။ နွေးထွေးသော ဝါကျဥ်ကျဥ်အလင်းအောက်၌ အနှီယောက်ျားသည် စတိုင်ကျစွာ ခန့်ညားချောမောမှု၊ ခပ်မိုက်မိုက်နှင့် ယောက်ျားဆန်မှုတို့၏ ပြယုဂ်ပင် ဖြစ်နေတော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Donde viven las historias. Descúbrelo ahora