( ၂၅ )

15K 2.6K 102
                                    

<Unicode>

အခန်း ( ၂၅ ) - ဘာကြောင့် အိုမီဂါလဲ

လော့ကျိုးကျိုးသည် လင်ဒါ ဘယ်အချိန်ကတည်းက ပြန်ထွက်သွားမှန်းတောင် သတိမထားမိလိုက်။ အသိပြန်ကပ်ချိန်တွင် အခန်းထဲ သူတစ်ယောက်တည်း ကျန်ရှိတော့၏။ ဝေဝေဝါးဝါးနှင့် တာမီနယ်က မီးမှိတ်တုတ်မှိတ်တုတ်ဖြင့် အချက်ပြနေသည့် မဖတ်ရသေးသော မက်ဆေ့ချ်ကို ကြည့်မိရာ မနေ့ည ဆယ့်နှစ်နာရီတွင် ချူဖုန်းမှ ပို့ထားခြင်းဖြစ်ချေသည်။

【 ID54367 】 - ကျိုးကျိုး အိပ်မက်ကောင်းကောင်းမက်ပါစေ။ ကိုက်ရာအပေါ် ဆေးလူးဖို့ မမေ့နဲ့ဦးနော်။

လော့ကျိုးကျိုးသည် သန့်စင်ခန်းထဲ ဝင်၍ ပါးစပ်ဖြဲကာ မှန်ထဲတွင် သွားစွယ်ရှိရာ နေရာသို့ အသေအချာကြည့်မိလေသည်။ အချိန်အတော်ကြာ ငေးစိုက်ကြည့်ပြီးနောက် လက်ဖြင့် ကျားသွားလေးကို ကိုင်ကာ ဆွဲဆန့်ကြည့်၏။

သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ ကျားသွားငယ်လေးသည် တစိမျှ လှုပ်မလာခဲ့ပေ။

ပါးစပ်ကို ပြန်ပိတ်၍ မှန်ထဲ မိမိကိုယ်ကို ကြည့်ရာ သူ၏ မျက်ဝန်းများထဲတွင် ကြောက်လန့်စိတ်များ လျှံတက်နေကြောင်း မြင်တွေ့လိုက်ရ​ချေသည်။ လော့ကျိုးကျိုးသည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ မှန်ထဲ ပြောမိသည် "လော့ကျိုးကျိုး မင်းက ဗန်ပိုင်းယားတစ်ကောင် ဒဏ်ရာတွေ ပြန်မကောင်းသေးလို့သာ၊ အစွယ်တွေ ပြန်ထွက်လာမှာ"

သူ ထိုစကားစုအား မန္တန်တစ်ခုအလား စိတ်တည်ငြိမ်သွားချိန်အထိ ထပ်ဖန်တလဲလဲ ရွတ်ဆိုမိလေသည်။ ပြီးနောက် အိပ်ရာထက် ပစ်လှဲချ၍ မျက်နှာကြက်ကို မော့ကြည့်လျက် အတွေးပွားသွားရသည်။

ကုတ်ကျောထက်မှ သွားရာတို့သည် ပုရွက်ဆိတ်တက်နေသလို ရံဖန်ရံခါတွင် ယားယံလာလျက် ချူဖုန်းမှ သူ့အား ထိုနေရာတွင် ကိုက်ခဲ့သည်ဟု သတိပေးနေ၏။

တီ တီ တီ...

တာမီနယ်မှ ရုတ်တရက် အသံမြည်လာလေသည်။

လော့ကျိုးကျိုးသည် ပျင်းရိစွာ လှမ်းယူကြည့်ရာ ချူဖုန်းဆီမှ Video Call မှန်း မြင်လိုက်ရသည်။ သူ့ နှလုံးမှာ ပြင်းထန်စွာ ခုန်၍ အလူးအလဲဖြင့် ထထိုင်လိုက်မိသည်။ တစ်ဖက်မှ အဝင်ကောကို ချပစ်ရန် ပြင်လိုက်သော်လည်း မနေ့မှ အဖြစ်အပျက်များကို သတိရလေရာ တုန့်ရပ်သွားရသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now