( ၆၀ )

13.2K 2.1K 79
                                    

< Unicode >

အခန်း ( ၆၀ ) - အကုန်ပြောပြမယ်

လော့ကျိုးကျိုး ဝင်သက်ထွက်သက်လေများ နွေးလာကာ ခန္ဓာကိုယ်လည်း ပူရှိန်းတက်နေတော့ချေသည်။ အေးစက်သော လေပြည်က စိုထိုင်းမှုတို့ကို ဆောင်ကျဥ်းလျက် လှေကားထစ်များအပေါ် ဖြတ်တိုက်လာရာ တုန်ယင်သွားရသည်။

သူ အေးသလား ပူသလားတောင် မသဲကွဲနိုင်တော့ပဲ အလှည့်ကျ ပြောင်းလဲနေသော ခံစားချက်များကြား ကြမ်းပြင်ပေါ်တွင် ပုဇွန်ကွေးကွေးနေမိတော့သည်။ ထို့နောက် ထိန်းဆေးများ ထည့်ထားသည့် ေကျာပိုးအိတ်ကို သတိရသွားရာ ကတုန်ကယင်ဖြင့် စမ်းရှာကြည့်လိုက်သည်။ မတွေ့မှသာ ညပိုင်း အိမ်မှ ထွက်လာတည်းက မယူခဲ့ကြောင်း သတိရတော့သည်။

ပြင်းထန်သထက် ပြင်းထန်လာသော အပူရှိန်ကြောင့် တစ်ကိုယ်လုံး လောင်ကျွမ်းသွားမတတ် ခံစားလာရချိန်တွင် လော့ကျိုးကျိုး အားယူကာ လှေကားပေါ်မှ ထရပ်လိုက်သည်။

ထိန်းဆေးတို့ကို စူပါမားကတ်များနှင့် ဆေးဆိုင်များတွင် ဝယ်ယူနိုင်ကာ လမ်းတိုင်းလိုလိုမှာလည်း ထိန်းဆေးအရောင်းစက်များ ချထားပေးကြောင်း ချူဖုန်းပြောခဲ့ဖူးသည်။ သူ သတိမလွတ်သွားခင် ထိန်းဆေးထိုးမှ ဖြစ်လိမ့်မည်။

လော့ကျိုးကျိုး လှေကားထစ်ပေါ်မှ ခါးကုန်းထကာ မောဟိုက်နေရင်း ဟိုသည်လျှောက်ရှာကြည့်မိသည်။ မိုးအရမ်းသည်း၍ မှောင်နေသဖြင့် အဝေးကြီးအထိ သေချာမမြင်နိုင်သော်လည်း တစ်ရာမီတာခန့် အကွာတွင်တော့ မီးလင်းနေသော အနီရောင် ပုံးသေးလေးများစွာ စီတန်းလျက် ရှိကြောင်း တွေ့နေရသည်။

လော့ကျိုးကျိုး ဝမ်းတွင်းအသိအရ ၎င်းတို့က ထိန်းဆေးအရောင်းစက်များမှန်း တန်းမှတ်မိလိုက်သည်။ လှေကားထစ်များမှ အောက်ဆင်းလာရင်း မိုးစက်တို့က အညှာအတာကင်းမဲ့စွာ သူ၏ ကိုယ်ပေါ် သွန်းဖြိုးကျလာကြသည်။ သို့သော် အအေးဒဏ်ကို ခံစားမရနိုင်တော့သည်မို့ လော့ကျိုးကျိုး ထိုမီးထိန်လင်းသော ပုံးများထံသာ လျှောက်ခဲ့တော့သည်။

ပုံမှန်ဆို ခဏတွင်းချင်းပင် ေရာက်နိုင်လောက်သည့် အကွာအဝေးမှာ အခုတော့ တစ်သက်ကြာသလိုပင်။ ခြေလှမ်းတစ်လှမ်းတိုင်းက သူ၏ ခွန်အားအကုန်လုံးကို ထုတ်သုံးထားရခြင်း ဖြစ်သည်။ အမြင်အာရုံတွေလည်း ဝေဝါးလာကာ ဝန်းကျင်တဝိုက်သည် ယိုယွင်းကျသွားသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now