( ၇၅ )

12.5K 2.2K 241
                                    

< Unicode >

အခန်း ( ၇၅ ) - မတွေ့တာကြာပြီ

"အဲ့ဒါ လူလား သရဲလား" တစ်ယောက်က ရေရွတ်သည်။

"သ...သရဲ။ သရဲပဲနေမှာ!"

"အဲ့တော့ ဘာဖြစ်လဲ။ ပစ်သတ်ကြ"

မည်သို့ပင် ဆိုစေ၊ လူမိုက်အချို့က သေနတ်များကို ကောက်ကိုင်ကာ ထိုအရပ်သို့ စပစ်ကြရာ ကျန်လူတို့ပါ နောက်မှ လိုက်၍ ခလုတ်ဆွဲလိုက်ကြတော့သည်။ ကျည်ဆံများကုန်မှ ပြင်းထန်သော သေနတ်ပစ်ချက်များကို ရပ်တန့်ကြသည်။

လေတစ်ချက်ဝှေ့တိုက်လိုက်ရာ မီးခိုးများ ဖုန်မှုန့်တို့က ဖြည်းလေးစွာ ပြန်လည်ရှင်းလင်းလာလေသည်။ သို့သော်ငြား သစ်ပင်အောက်တွင်တော့ ဘယ်သူမျှရှိမနေ။

"သူ ဘယ်မှာလဲ။ ဘာလို့ ပျောက်သွားတာလဲ။ မင်း သူ့ကို မြင်လိုက်လား"

"မမြင်မိဘူး"

"ဟင့်အင်း"

ထိုအချိန်မှာပင် မိုးရေထဲ အရိပ်တစ်ခု ဖြတ်ပြေးသွားကာ လူမိုက်နှစ်ယောက်သည် ကြောက်လန့်တကြားအော်သံနှင့်အတူ ထပ်ပျောက်သွားလျက် ခဏကြာမှ ကောင်းကင်မှနေ အရှိန်ဖြင့် ပြုတ်ကျ၍ မြေကြီးနှင့် ရိုက်မိသံ ဝုန်း ခနဲ ထွက်လာတော့သည်။ သည်တစ်ခေါက်တွင်တော့ နှစ်ဦးစလုံး ခန္ဓာနှင့် ဦးခေါင်းတွဲလျက်ရှိသေးသော်ငြား လည်ပင်းတို့ကမူ လိမ်ချိုးခံထားရသည့်အလား လည်ထွက်ကာ အသံမပြုလာတော့။

လူမိုက်များမှာ အထိတ်တလန့်ဖြင့် နောက်ဆုတ်သွားကြကာ ခြေထောက်များဆို သာခွေယိုင် ဖြစ်ကုန်ကြသည်။ ပျော့ညံ့သူအချို့ဆိုလျှင် ရင်ခေါင်းထဲမှ လာသော အသံမျိုးနှင့် ဟောဟဲလိုက်ပြီး အမောဖောက်နေကြသည်။

"နောက်ဆုတ်ကြ။ ဆုတ်ကြစမ်း။ ကျောချင်းကပ်နေကြ" ထျန်းလန်သည် သတိထား၍ ဟိုသည်ကြည့်ကာ အမိန့်ပေးသည်။

ထူကျို့သည် နှုတ်ခမ်းကို လျှာဖြင့် သပ်၍ လှောင်ရယ်၏ "ကျောချင်းကပ်?....အလုပ်ဖြစ်မှာမို့လား"

"သောက်ခွေးရူးကောင်....မင်းသာ 'ဒီအချိန်မှာ လူမသတ်ရရင် မဖြစ်ပါဘူး' ဆိုပြီး လုပ်မနေခဲ့ရင် ငါတို့ အခုလို အခြေအနေမျိုးရောက်မှာလား" ထျန်းလန်က စိတ်ဆိုးမာန်ဆိုးဖြင့် ဆဲသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Nơi câu chuyện tồn tại. Hãy khám phá bây giờ