( ၁၂ )

15.4K 2.6K 30
                                    

Warning: Foul Language!

___

<Unicode>

အခန်း ( ၁၂ )  -  ညိုမည်းစွဲနေတဲ့ ဒဏ်ရာ

လော့ကျိုးကျိုးသည် ခြံစည်းရိုးအရိပ်အောက်တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရ၏။ မကြာသေးခင်ကမှ ရောက်ရှိလာခြင်းလည်း ဖြစ်နိုင်သည်။ လမ်းမီးတိုင်သည် အခုကျ ပြန်ကောင်းနေပြန်ကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်မနေတော့။ ထိုလူက အလင်းရောင်ရှိရာအောက် လျှောက်လာသည်။

အပြာရင့်ရောင် စစ်ယူနီဖောင်းနှင့် ပခုံးဒေါက်ထက်မှ ကြယ်ပွင့်တို့သည် အလင်းရောင်အောက်တွင် ပြိုးပြိုးပြိုက်ပြိုက် လင်းလက်နေကြသည်။ သူ၏ မျက်လုံးများမှာ ဦးထုပ်၏ အရိပ်အောက်တွင် ကွယ်နေကာ နှာခေါင်းချွန်နှင့် အောက်မှ နှုတ်ခမ်းပါးတို့က အေးစက်မည့်ပုံ ပေါက်နေသည်။

နံရံတွင် ဖိကပ်ခံထားခဲ့ရသော လော့ကျိုးကျိုးသည် သူ့ကို မြင်မြင်လိုက်ချင်း စိတ်သက်သာရာ ရသွားသည်။

"မင်းကို သေချင်သွားအောင် သူ ဘယ်လိုလုပ်မယ်ဆိုတာ ပြောပြပေးရမလား" အလျင်မလိုဟန်ဖြင့် ပြောရင်း ချူဖုန်းသည် လမ်းပေါ်တွင် ကွေးကောက်လဲကျနေသော နစ်ခ်အား သူ၏ ရှုးဖိနပ်ထိပ်ဦးဖြင့် ခါးကို ဆောင့်ကန်လိုက်သည်။ ထို့နောက် မိန်းမောတွေဝေနေသော လော့ကျိုးကျိုးအား လက်ချောင်းကွေး၍ အချက်ပြကာ လှမ်းခေါ်သည် "ဒီနား လာခဲ့"

လော့ကျိုးကျိုးက စကားနာခံကာ အရှေ့တိုးသွားလိုက်သည်။

ချူဖုန်းက မေးသည် "လူတွေကို ဘယ်လို ထိုးရမလဲ သိလား"

လော့ကျိုးကျိုးက အရင်ဆုံး ခေါင်းခါပြီးနောက် ခေါင်းပြန်ညိတ်သည်။

ချူဖုန်းက နစ်ခ်ကို ညွှန်ပြကာ "​ဒါဆို သူ့ကို စိတ်တိုင်းရှိ ထိုးချင်သလောက် ထိုး"

လော့ကျိုးကျိုးသည် ချူဖုန်းကို ကြည့်ပြီးနောက် နစ်ခ်ကို ပြန်ငုံ့ကြည့်ကာ လှုပ်ဖို့ တွေဝေနေ၏။

နစ်ခ်ကလည်း ချူဖုန်းစကားကို ကြားကာ လော့ကျိုးကျိုးအား ခက်ထန်စွာ ကြည့်လာသည်။ ထို့နောက်တော့ လူတစ်ဦးမှ နောက်တစ်ဦးကို ထိုးနှက်နေသည့် လုံးလုံးထွေးထွေး အသံများ ထွက်ပေါ်လာကာ နစ်ခ်သည် ရင်ဘတ်ကို ကိုင်လျက် တုန်ခါရင်း နာနာကျင်ကျင်နှင့် ညည်းသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now