အပိုင်း၁(Zaw+Uni)

10.4K 297 14
                                    

🌸ပန်းပျိုးလက်🌸

💚အပိုင်း၁❤

"ယနေ့ အလှူရှင်များကျန်းမာပါစေချမ်းသာပါစေ
ဘေးအန္တရာယ်ကင်းရှင်းပြီးစထက်တပိုးလှူနိုင်တန်းနိုင်ကြပါစေ......"

ကလေးအများရဲ့ ဆုတောင်းသံလေးတွေဟာ
မနက်တချိန် အခုလိုညနေအချိန်တွေမှာ အချိန်မှန်မှန်ကြားနေကျတေးသံတခုလို~

ညီညီညာညာ ဂရုဏာဆုတောင်းသံလေးတွေ
ကြားတဲ့သူတိုင်းစိတ်ဘဝင်ရွှင်စေတယ်

မြို့ နဲ့ လှမ်းပြီးတောင်ကုန်းသဖွယ်
ခပ်မြင့်မြင့်ကုန်းမြင့်လေးမှာ တည်ရှိတဲ့
သွပ်မိုးပျဉ်ထောင်ကာ၂ထပ်အိမ်ဟောင်းတလုံးရှိတယ်။

ထိုပျဉ်ထောင်၂ထပ်အိမ်ဟောင်းဘေးပတ်လည်မှာ တန်လျှားသဖွယ် ခပ်ရှည်ရှည်အိမ်လေးတွေက
ပျဉ်ထောင်အိမ်ကိုဝန်းရံလျှက်တည်ရှိနေတယ်

တနိုင်တပိုင်စိုက်ခင်းလေးများစိမ်းစိမ်းစိုစိုသစ်ပင်ကြီးများ လှပတဲ့သစ်ပန်းမန်များကထိုအိမ်ဟောင်းနဲ့ ပနားမသင့်စွာရှိနေပင်မဲ့ မြင်တဲ့လူတိုင်း ထိုရပ်ဝန်းလေးကိုနေချင်စရာကောင်းသည်ဟုမှတ်ယူကြသည်။

အိမ်ဟောင်းနဲ့ ခြံဝန်းကြား ကျယ်ပြန်တဲ့မြေနေရာ
လမ်းတလျှောက်သစ်ပင်ပန်းမန်များကလှပစွာပွင့်ဖူးနေကြသည်။

ခြံဝန်းမျက်နှာစာသံပန်းတံခါးပေါ်ကဆိုင်းဘုတ်တခု

'မျှော်လင့်ချက်'
မိဘမဲ့ဂေဟာ

အမျိုးသမီး၂ဦးတည်ထောင်ထားတဲ့မိဘမဲ့ဂေဟာငယ်လေး

ထိုဂေဟာလေးထဲသူတို့ အားလုံးရဲ့ အမေမားမားယန် မားမားလုနှင့် ကလေးအယောက်၃၀ကျော့် အသက်၅၀အရွယ်ထမင်းချက်အမျိုးသမီးနဲ့ 
သူမ၏ခင်ပွန်းဂေဟာစောင့်တို့ အတူနေထိုင်ကြတယ်

'မျှော်လင့်ချက်'

ထိုဂေဟာငယ်လေးရဲ့ အမည်နာမ

မိဘမဲ့ကလေးတွေ မိဘအစုံရှိသော်ငြား ဆင်းရဲတွင်းနက် ထမင်းဝအောင်မစားရတဲ့
ကလေးငယ်လေးတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေ ပြောင်မြောက်ထွန်းတောက်လာစေဖို့ ဒီဂေဟာငယ်လေးအမည်ကိုမေမေကြီးကပေးထားခဲ့တာ

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now