အပိုင်း၃၆(Zaw+Uni)

1.4K 151 39
                                    

💚Zawgyi❤

ဝမ်gpရဲ့ meetingroomထဲဝယ်။

တယောက်တပေါက်ငြင်းခုံသံများ
ကျွတ်ကျွတ်စီအောင်ပွတ်လောရိုက်နေလေသည်။

"ဘာစီးပွားရေးအတွေ့ အကြုံမှမရှိတဲ့
ကလေးသာသာက ဝမ်gpတခုလုံးကို
ဦးဆောင်မယ်တဲ့"

"မဖြစ်နိုင်ဘူး ကျုပ်ကတော့
ဒီကလေးဦးဆောင်မယ်ဆိုရင်
ရှယ်ယာတွေပြန်ထုတ်ရလိမ့်မယ်"

"ဟုတ်တယ်!!!

"ဟုတ်တယ်!!!

ထိုအဖြစ်သနှစ်ကို ဝဲဘက်ရှယ်ယာရှင်ခုံမှာထိုင်နေတဲ့
ဖန်းချင်းယီက သဘောတကျပြုံးနေလေသည်။

အချိန်ကိုက်ဆိုသလို အစည်းအဝေးခန်း
တံခါးပွင့်လာပြီး ဝမ်သခင်ကြီးနဲ့မြေးငယ်ဟာ
တဖြည်းဖြည်းလျှောက်လမ်းလာတယ်။

သိပ်မကြာသေးခင် မြေးရဲ့၁၈နှစ်ပြည့်မွေးနေ့မှာ
ဝမ်သခင်ကြီးဟာ ဝမ်gpနဲ့ပတ်သက်သမျှကို
အခုမှ၁၈နှစ်ပြည့်တဲ့မြေးငယ်ဆီလွှဲပြောင်းတော့မည်
ကြေညာလိုက်တာကြောင့် အခုလိုရှယ်ယာရှင်တွေ
meetingမှာအုံကြွလာခြင်းဖြစ်တယ်။

ဝမ်သခင်ကြီးဟာ ဥက္ကဌခုံမှာထိုင်လိုက်သည်နဲ့
အစောကအသံပလန်အားလုံးရုတ်ခြည်းတိတ်ဆိတ်
သွားလေ၏။

"ဘာဖြစ်ကြတာလဲ!!

"ကျနော်တော့ ၁၈နှစ်တောင်ပြည့်တာတောင် မကြာသေးတဲ့ကလေးတယောက်ကိုယုံပြီး ကျနော့်စီးပွားကိုပုံမအပ်နိုင်ပါဘူးသခင်ကြီး သခင်ကြီးရဲ့ဆုံးဖြတ်ချက်ဒီပုံစံအတိုင်း မပြောင်းလဲနိုင်ဘူးဆိုရင်ကျနော်တို့ အနေနဲ့ ဝမ်gpနဲ့လက်တွဲဖြုတ်ရပါလိမ့်မယ်"

စီးပွားရေးအနည်းငယ်တောင့်တင်းတဲ့ရှယ်ယာရှင်
တဦးဟာထိုသို့ ပြောပြီး ဖန်းချင်းယီဘက်ကို
မသိမသာမျက်ရိပ်မျက်ကဲပြတယ်

ထိုသူရဲ့စကားကိုနောက်လိုက်နောက်ပါတွေကပါ
တညီတညွှတ်ဝိုင်းဝန်းထောက်ခံကြလေတော့

ဝမ်သခင်ကြီးဟာ တည်ငြိမ်စွာပင်ထိုသူကိုမေးလေတယ်

"မောင်ရင် Wang gpနဲ့လက်တွဲလို့ 
အခုချိန်ထိနစ်နာဆုံးရှုံးဖူးတာများရှိခဲ့ဖူးလား"

ပန်းပျိုးလက်(ပန်းပျိုးလက်)Completeحيث تعيش القصص. اكتشف الآن