အပိုင်း၄၉(Zaw+Uni)

1.7K 165 27
                                        

Zawgyi

"Ring Ring Ring"

ဖုန်းခေါ်သံအကြားမှာ ရှောင်းကျန့်ဟာလေအလျင်နဲ့
စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုအပြေးကိုင်တယ်

ဖုန်းနဲ့နားအကပ်မှာ သြရှရှအသံလေးက
အလိုမကျစွာ ထွက်ပေါ်လာတယ်

"ကိုကို ကြာတယ်ကွာ ဘာတွေလုပ်နေတာလဲ"

ဆူပုတ်ပုတ်မျက်နှာလေးကို ရှောင်းကျန့်
မြင်ယောင်ရင်းခပ်ယောင်ယောင်လေးပြုံးတယ်

"ကိုကို မီးဖိုထဲရောက်နေလို့ ပါ
ဖုန်းက ထမင်းစားပွဲပေါ်တင်ခဲ့မိလို့ "

"ဘယ်သူကိုကို့ ကိုခိုင်းတာလဲ!!
အခုချက်ချင်းvcခေါ် အလုပ်ထုတ်ပစ်မယ်"

Video callကိုရှောင်းကျန့်လက်ခံလိုက်တော့
မျက်မှောင်ကြီးကျုံ့ ထားတဲ့ ကျားပေါက်လေးရဲ့
ဆူပုတ်ပုတ်ပုံလေး screenပေါ်ထွက်ပေါ်လာ၏။

"ဘယ်သူဘဲဖြစ်ဖြစ် ပြော
အလုပ်ထုတ်ပစ်မယ်"

ငြိမ်ငြိမ်လေးထိုင်နေရင်တောင်သူမှာစိုးရိမ်နေရတာ
သူကိုယ်တိုင်တောင်မထိရက်မကိုင်ရက်
သူ့ အမြတ်တနိုးအဖိုးတန်လေးကိုဘယ်သူများ.…
ရိပေါ်တရှူးရှူးတရှဲရှဲဒေါသထွက်လေ၏။

သူ့ အသံကြောင့်မီးဖိုထဲက နောက်ထပ်တစုံတဦးထွက်လာတယ်။

"ငါခိုင်းတယ် ငါခိုင်းတယ် ရှင်းပြီလား"

ထိုသူကိုမြင်တော့ရိပေါ်မျက်နှာထားပြောင်းလဲသွားပြီးပျော်ရွှင်မှုကထိန်းမရ။

"ဒေါ်လေးဟောက်"

"အေး ငါဘဲ"

"ပြန်မလာတော့ဘူးဆို
ကျနော်က အကိုလုံချန်းကိုခေါ်ခိုင်းတာကို"

ရိပေါ် အရေးကြီးမြေယာprojectကိစ္စကြောင့်
Aမြို့ တော်ကိုရောက်နေတာ၂ရက်ခန့်ရှိပြီ

Aမြို့ သည်ရာသီဥတုကကြမ်းတမ်းလွန်းပြီး
အခုမှချဲ့ ထွင်တဲ့နယ်မြေသစ်မို့ ဆေးရုံဆေးခန်းကလဲမရှိ
အစစအရာရာ ခက်ခဲကြမ်းတမ်းလွန်း၏။

မရှင်းမဖြစ်တဲ့ကိစ္စတွေကြောင့်သာ
သူကိုကို့ ကိုထားခဲ့ရတာ သူမရှိလျှင်
ရန်သူဝိုင်းတဲ့ ထိုအိမ်တော်မှာသူ့ ကိုကို့ ကို
မည်သူတဦးတယောက်နဲ့မှစိတ်မချပေ။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora