အပိုင်း၄၃(Zaw+Uni)

2.1K 187 50
                                        

Zawgyi

"ဒါက ဘာလုပ်နေတာလဲ!!

အေးစက်စက်အမိန့်သံကြောင့် ရှောင်းကျန့်
ကိုယ်လေးတုန်တက်သွားတယ်

လက်ထဲက ကြမ်းတိုက်ဝတ်ကလေးကလဲ
ကြမ်းပြင်ပေါ်ဘုတ်ခနဲပြုတ်ကျသွား၏။

"ဘာလုပ်နေတာလဲလို့ မေးနေတယ်လေ!!

ထပ်ဆင့်ဟိန်းဟောက်လိုက်တာကြောင့်
ရှောင်းကျန့်မျက်လွှာချထားရာကနေ ရိပေါ်ကို
မသိမသာခိုးကြည့်ပြီးအလျှင်စလိုခေါင်းပြန်
ငုံ့ လျှိုးသွားသည်။

"မေးနေတာ ဖြေလေ!!

"ဟို …ဟို…"

စိတ်မရှည်တော့တဲ့ရိပေါ်ဟာ
အိမ်ထိန်းကို ဒေါသတကြီးအော်ခေါ်လိုက်တယ်

"အိမ်ထိန်း!!!

"အမိန့် ရှိပါ သခင်လေး"

ရိပေါ် ရှောင်းကျန့်ကိုမေးဆက်ပြပြီး

"ဒါသူ့ ကိုဘယ်သူခိုင်းထားတာလဲ"

"ရှောင်းက သူဘာလုပ်ရမလဲမေးတော့…"

အံကြိတ်သံကိုကြားလိုက်ရတာကြောင့်
အိမ်ထိန်းကျောချမ်းသွား၏။

မျက်နှာထားတင်းတင်း အံကိုကြိတ်ထားတာကြောင့် သခင်လေးအတော်ဒေါသထွက်နေတာကိုတော့
သူခံစားမိလေ၏။

ရိပေါ်အိမ်ထိန်းကိုဒေါသခိုးဝေနေတဲ့မျက်လုံးများဖြင့် ကြည့်လိုက်ပြီးဆိုလိုက်သည်က

"မစ္စတာရှောင်းလို့ ခေါ် !!
ရှောင်းလို့ ထပ်မခေါ်မိစေနဲ့ကြားလား!!
တခါခေါ်မိတာနဲ့ ခင်ဗျားလစာ၃လစာတန်းဖြတ်မယ်"

ရှောင်းကျန့်ရိပေါ်ကိုနားမလည်နိုင်စွာ။

"ရှောင်းကျန့် ခင်ဗျားအလုပ်က
ကျုပ်ဆိုတဲ့ဝမ်ရိပေါ်နဲ့ဘဲဆိုင်တယ်
ကျန်တာ ဘယ်သူခိုင်းခိုင်းလုပ်စရာမလိုဘူး
ခင်ဗျားအေးအေးမနေတက်ဘူးလား"

ရှောင်းကျန် တိုးဖွဖွပြန်ပြောတယ်

"သူတို့ ခိုင်းတာမဟုတ်ပါဘူး
အားနေလို့ ကိုယ့်ဘာသာလုပ်တာပါ"

ရိပေါ်ရှောင်းကျန့်ကိုမျက်လုံးတွေကျဉ်းမြောင်းစွာ
မှေးစင်းကြည့်၍ဆိုလိုက်တယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora