အပိုင်း၇(Zaw+Uni)

1.5K 154 7
                                    

💚Zawgyi❤

"တိုတို"

အိပ်ရာက အခုမှနိုးတဲ့ရိပေါ်လေးဟာ
သူ့ ကိုကိုရဲ့တီရှပ်အကြီးကြီးကိုဝတ်ထားတယ်

ရိပေါ်လေးက မှန်ထဲကသူ့ ကိုယ်သူကြည့်ပြီး
သဘောကျနေလေတယ်

အခုသူက သူ့ ကိုကိုအိမ်မှာနေတယ် ကိုကိုအကျီကိုဝတ်ထားရတယ်ဆိုပြီး
အပျော်ကြီးပျော်နေတယ် ဒါပင်မဲ့
သူနေရနောက်ဘယ်နှရက်လဲ ပြီးရင်သူ့ ကို
ဂေဟာပြန်ပို့ မှာဘဲဆိုပြီးပြန်ငေးငိုင်သွားပြန်ကော

ကုတင်ပေါ်ကအမြန်ခုန်ဆင်းလှေကားကနေ အိမ်အောက်ထပ်ကိုပြေးဆင်းသွားတော့
အောက်ထပ်ဧည့်ခန်းမှာဦးဦးကသတင်းစာဖတ်နေတယ်

သူသတင်းစာဖတ်နေတာကို အကွယ်ကနေမဝံ့မရဲ
အကြာကြီးစိုက်ကြည့်နေတဲ့ကလေးကြောင့်
ဦးလေးမော်မှာမနေသာတော့ဘဲ

"ကလေးလေး ဘာပြောစရာရှိလို့ လဲ"

ရိပေါ်လေးမှာ ဦးလေးမော်ကိုကြည့်လိုက်
ဝတ်ထားတဲ့သူ့ ကိုကိုတီရှပ်အကြီးကြီးကို
လက်နဲ့လုံးချေလိုက်နဲ့ ပြောရခက်နေတယ်

တဖြည်းဖြည်းဦးလေးမော်အနားတိုးပြီး
မဝံ့မရဲလေသံလေးနဲ့ 

"ဦးဦးကို တားတားကြောစရာရှိ့ လို့ ပါ"

ဦးလေးမော်က ဖတ်လက်စသတင်းစာကို
ဘေးချ သူ့ ကိုစိုက်ကြည့်တော့

ရိပေါ်လေးဟာ ခေါင်းကိုငုံ့ လျှက် လက်ကလဲအကျီကို လုံးချေကာ ကြောက်ကြောက်လန့်လန့်နဲ့ပြောရှာတယ်

"တားလေ…တားထမင်းလဲနည်းနည်းဘဲချားပါ့မယ် အကျီလဲတိုတိုအကျီဘဲဝတ်ပါ့မယ်
တားအိမ်အလုပ်လဲကူတက်ပါတယ်
အဲဒါ…အဲဒါတားကို……"

ရှေ့ ဆက်ပြောမဲ့စကားကထပ်မထွက်တော့
ဦးလေးမော်ကိုလဲသူကြောက်တယ်

"အဲတော့ မင်းကိုဒီမှာခေါ်ထားရမယ်ပေါ့"

ဒီစကားကြားတော့ ရိပေါ်လေးဟာ ဦးလေးမော်ကိုမျက်ရည်အဝဲသားနဲ့ ကြည့်တယ်

"တားကို ဂေဟာပြန်ပို့ ပါနဲ့"

"တားလိမ္မာပါ့မယ်"

ရုတ်တရတ် ဦးလေးမော်ကနှစ်ခြိုက်စွာပြုံးကာ

"မင်းအိပ်ပျော်နေထဲက ဦးလေးမော်ကော
မင်းဒေါ်လေးကော မင်းကိုဒီခေါ်ထားဖို့ 
မင်းကိုကိုနဲ့သဘောတူထားပြီးသား"

ပန်းပျိုးလက်(ပန်းပျိုးလက်)Completeحيث تعيش القصص. اكتشف الآن