အပိုင်း၉(Zaw+Uni)

1.5K 150 9
                                    

💚Zawgyi❤

"တိုတို ဒီနေ့ အခြေအနေ"

"တွက်ခြေကိုက်ပါတယ်ရိပေါ်လေးရဲ့ 
လာကိုကိုတို့ ဖက်ထုပ်သွားစားကြမယ်"

ကျန့်ကျန့်လဲ ညဈေးရဲ့ပလက်ဖောင်းပေါ်က
သူ့ ပန်းချီပစ္စည်းလေးတွေကိုသိမ်းပြီး
ရိပေါ်လေးကိုလက်ဆွဲကာ ဖက်ထုပ်ဆိုင်ဆီသို့ 

ဒီအလုပ်ကဆိုးတော့ မဆိုးလှပါဘူး
အဖိုးပြောသလိုကိုယ်ပိုင်အလုပ်ဆိုတော့
စားသောက်ဆိုင်ဝန်ထမ်းလောက်တော့
မပင်ပန်းဘူး ငွေလဲပိုရတယ်
ရိပေါ်လေးလဲနားနားနေနေနေရတယ်လေ

နေစရာကတော့ အဖိုးပြောသလို
အဆောင်မှာနေတယ်အဆောင်ဆိုတာထက်
ကျောတချပ်စာလို့ ပြောရင်ပိုမှန်မယ်
တကယ်ကိုကျောတချပ်ချစာသာရှိတယ်
ရေချိုးခန်းနဲ့ အိမ်သာကတော့အများသုံးပေါ့
နယ်ကနေ အစိုးရစာမေးပွဲတို့ အလုပ်ရှာဖို့ လူတွေအတွက်ဆို စရိတ်စရနည်းတဲ့ ဒီလိုအဆောင်မျိုးမှာနေကြတယ်။
အခန်းတွေများပြီးကျဉ်းကျပ်ပင်မဲ့ ပေးရတဲ့ပိုက်ဆံကတော့ သက်သာတယ်လေ

နောက်တနေ့ ကျန့်ကျန့်ဆိုင်ခင်းတော့
ပန်းချီဝယ်တဲ့သူကတယောက်စ
၂ယောက်စသာ အရင်ကဒီအချိန်ဆို
စားဖို့ သောက်ဖို့ လောက်ကအေးဆေးရပင်မဲ့
ဒီနေ့ တော့ ဟူး သက်ပြင်းချမိတယ်

"ဘယ်လိုလုပ်ရမလဲ အဆောင်ခ စားဖို့ ရိပေါ်လေးကိုလဲကျောင်းထားချင်သေးတယ်"

မျက်စိကစားကြည့်တော့ ဈေးရဲ့တဖက်ခြမ်းမှာ ခမ်းခမ်းနားနားဆိုင်ခန်းနဲ့ ပန်းချီဆိုင်တဆိုင်

"Aww ဒါကြောင့်ကို"

သမုဒ္ဒရာရေဘဲဘယ်သူခပ်ခပ်ပါလေ

ဘယ်တက်နိုင်ပါ့မလဲ တနေ့ ရွှေ တနေ့ ငွေပေါ့

ကိုကိုဆိုင်ဖွင့်တဲ့အချိန် ရိပေါ်လေးတို့ 
ရွယ်တူကလေးတသိုက်ကတော့ဝိုင်းဖွဲ့ ဆော့ကြတယ်

ထိုစဉ်

"Excuse me!
Can you tell me the way to park?

"I want to go there"

နိုင်ငံခြားသားဂတုံးတယောက်က
လမ်းမေးနေပင်မဲ့ ဘယ်သူမှအင်္ဂလိပ်စကားကို သိပ်နားလည်ဟန်မပေါ်ကြတာနဲ့ 
မနေနိုင်တဲ့ အင်္ဂလိပ်ကျောင်းသား
အမောင် ရိပေါ်လေးက

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now